ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာအနီးရှိ Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာအနီးရှိ Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ
ဓာတ်ပုံ- (ယနေ့နံနက်က မီးရှို့ခံလိုက်ရသည့် ရွာနန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်)

အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွာနန်းကျေးရွာအနီးရှိ စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၂ နာရီအချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝက်လက်အခြေပြုလှုပ်ရှားနေသည့် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယင်းအဖွဲ့မှ ၀က်လက်မြို့နယ်အတွင်းရှိ Mytelတာဝါတိုင်များ ဖျက်ဆီးခြင်းမှာ ယခု ရွာနန်းကျေးရွာအနီးရှိ Mytel တာဝါတိုင် အပါအဝင် ၁၀ခုရှိပြီဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေး တာဝါတိုင်ရဲ့ အဓိကအထိုင် Box တွေ မီးလောင်ပျက်စီးသွားတယ်” ဟု ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင်များအား လာရောက်ပြုပြင်သည့် မည်သည့်ဝန်ထမ်းကိုမဆို သက်ညှာမည်မဟုတ်ကြောင်းလည်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ကြေညာထားသည်။

ဝက်လက်မြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ ယ‌နေ့အောက်တိုဘာလ ၉ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် ၁၀ ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီသတင်းပေး ဒလန် ခြောက်ဦးထက်မနည်း သုတ်သင်ခံခဲ့ရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly