တရုတ်နှင့် အမေရိကန် သမ္မတတို့ ၂၀၂၁ခုနှစ်မကုန်မီ အွန်လိုင်းမှ တွေ့ဆုံဖွယ်ရှိ

တရုတ်နှင့် အမေရိကန် သမ္မတတို့ ၂၀၂၁ခုနှစ်မကုန်မီ အွန်လိုင်းမှ တွေ့ဆုံဖွယ်ရှိ

ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား တင်းမာမှုများမြင့်တက်လာစဉ် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် ၂၀၂၁ခုနှစ် မကုန်မီ အွန်လိုင်း တွေ့ဆုံပွဲတစ်ခုပြုလုပ်ရန် မျှော်လင့်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်နှင့် တရုတ်နိုင်ငံခြားရေးမူဝါဒရေးရာအကြံပေး ယန်ကျဲ့ချီ တို့သည်ဇူးရစ်မြို့၌ ၆ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ဆွေးနွေးပွဲအတွက် ယေဘုယျ စည်းမျဉ်းများအား သတ်မှတ်နိုင်ခဲ့ကြသည်။

အိမ်ဖြုတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ပါကီက နှစ်ဘက်စလုံးသည် အွန်လိုင်းမှတဆင့် တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးစလုံး ဒုသမ္မတဖြစ်ချိန်က ရှီကျင့်ဖျင်နှင့် အချိန်အတော်ကြာတွေ့ဆုံခဲ့ဖူးသည့် ဘိုင်ဒင်က စက်တင်ဘာ လက ဖုန်းပြောချိန်အတွင်း ရှီနှင့် ထပ်တွေ့ချင်ကြောင်း ပြောကြားပြီးနောက် သမ္မတများတွေ့ဆုံရန် အဆိုပြုလာခြင်းဖြစ်သည်ဟု ဆူလီဗန်နှင့် ယန်တို့ ဆွေးနွေးဆဲဖြစ်ခြင်းကြောင့် ထုတ်ပြန်ချက်အတွက် ခွင့်ပြုချက်မရသေးသဖြင့် အကြီးတန်းအရာရှိတစ်ဦးက အမည်မဖော်ဘဲ ပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ချိန်အတွင်း ရှီသည် နိုင်ငံတွင်းမှ ပြည်ပသို့ သွားရောက်ခဲ့ခြင်းမရှိသလို ရောမ၌ကျင်းပမည့် ဂျီ-၂၀ အုပ်စုထိပ်သီးအစည်းအဝေးနှင့် စကော့တလန်တွင်ပြုလုပ်မည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံသို့ လူကိုယ်တိုင်တက်ရောက်ဖွယ်မရှိပေ။

ထိုင်ဝမ်အား တရုတ်၏ မကြာသေးမီက စစ်ရေးရန်စမှုများ၊ တိုင်းရင်းသားလူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ထောက်ခံသူများအားနှိမ်နင်းရန် တရုတ်၏ ကြိုးပမ်းမှုများအပေါ် စိုးရိမ်မှုများမြင့်တက်လာစဉ် ဆွစ်ဇာလန်အစည်းအဝေးနှင့် ပတ်သက်ပြီး အိမ်ဖြူတော် ကြေညာချက်တွင် ဆက်သွယ်မှုများကို ပုံမှန်ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆူလီဗန်က ယန်အား အလေးအနက်ပြောကြားခဲ့သည်။

အမေရိကန်က နိုင်ငံ၏ ကိုယ်ပိုင်အင်အားကို ကောင်းမွန်ရန် ဆက်လက် လုပ်ဆောင်နေသလို တာဝန် ယူမှုရှိသော ယှဉ်ပြိုင်မှု သေချာစေရန်ရေးအတွက် ထိပ်တန်းအဆင့်တွင် ပိုမိုကောင်းမွန်သော ထိတွေ့ဆက်ဆံမှုကို ရှာဖွေခဲ့သည်ဟု ဆူလီဗန်က ကြေညာချက်တွင် ဖော်ပြထားသည်။

ဘိုင်ဒင်၏ သမ္မတသက်တမ်းအစောပိုင်း၌ ယန် အပါအဝင် အဆင့်မြင့် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆက်ဆံမှုများတွင် အပြုသဘောမဆောင်ခဲ့သောကြောင့် စိတ်ပျက်ခဲ့ရကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly