ဆားလင်းကြီးမြို့နယ်ရှိ Mytel တာဝါတိုင်အား တော်လှန်ရေးအဖွဲ့ ဖောက်ခွဲဖျက်စီး

By ပါခွီး
08 October 2021
ဆားလင်းကြီးမြို့နယ်ရှိ Mytel တာဝါတိုင်အား တော်လှန်ရေးအဖွဲ့ ဖောက်ခွဲဖျက်စီး

အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ တောင်ပလူရွာထိပ်ရှိ မိုင်တဲ (Mytel) ဆက်သွယ်ရေး တာဝါတိုင် ကိုယနေ့ အောက်တိုဘာ ၇ရက် နေ့လည် ၁၂နာရီအချိန်တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကိုယ်စားပြု သံမဏိအဖွဲ့သားများက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ မိုင်တဲတာဝါတိုင်မှာ ပြိုလဲမသွားသော်လည်း အောက်ခြေအထိုင်ပုံးမှာ သုံးမရအောင်ပျက်စီးသွားသည်။

“မြို့ပေါ်မှာ ကျွန်တော်တို့ လှုပ်ရှားလို့မရလောက်အောင် စစ်ခွေးတွေက နေရာတကာမှာ ကင်းပုန်းဝပ်စောင့်ကြည့်နေကြတယ် ။ ဒါကြောင့် မြို့နဲ့မနီးမဝေး က စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖျက်ဆီးလိုက်တာ” ဟု (MPDF) သံမဏိအဖွဲ့၀င်တစ်ဦးမှ မဇ္ဈိမကို ပြောသည်။

ဖောက်ခွဲမှုအပြီး အရပ်ဝတ်နှင့် လက်နက်ကိုင်များ ရောက်ရှိလာပြီး ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly