ပုသိမ်မြို့ မိုင်တဲ-ဝိုင်ဖိုင်ပုံးကို မြို့ပြ ပြောက်ကျားအဖွဲ့များက မိုင်းခွဲဖျက်ဆီး

ပုသိမ်မြို့ မိုင်တဲ-ဝိုင်ဖိုင်ပုံးကို မြို့ပြ ပြောက်ကျားအဖွဲ့များက မိုင်းခွဲဖျက်ဆီး

အောက်တိုဘာ ၆

ပုသိမ်မြို့ ၊အမှတ် (၁၃ ) ရပ်ကွက် ၊ ဆီဇုံဂွအနီးရှိ မိုင်တဲ ဝိုင်ဖိုင် (Mytel-Wifi)ပုံးတစ်ပုံးကို ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့များပူးပေါင်းက အောက်တိုဘာလ ၆ ရက် မနက် ၄ နာရီ မိနစ် ၃၀ ခန့်က မိုင်းခွဲ ဖျက်ဆီးခဲ့ ကြောင်းသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် တိုင်ပေါ်တွင်ရှိသည့် ပုံးတစ်ပုံးပျက်စီးသွားပြီး ယင်းဖောက်ခွဲမှုကို မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုနှင့်ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"မိုင်တဲတာဝါတိုင်တွေတင် မကပါဘူး။ စစ်ကောင်စီကို အထောက်အပံ့ပေးနေတာမှန်ရင် အကုန်ဖျက်ဆီးတိုက်ခိုက်သွားမှာပါ။ ရှေ့ဆက်ပြီးလည်း အများကြီး လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်"ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းအတွင်း မြို့ပြပြောက်ကျားများက စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ငါးတိုင် အထိ မိုင်းခွဲဖျက်ခဲ့ပြီးဖြစ်ကာ ယခု မိုင်တဲ-ဝိုင်ဖိုင်ပုံးကို မိုင်းခွဲဖျက်ဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly