တောင်ကြီးဗုဒ္ဓတက္ကသိုလ်ကျောင်းဝင်းထဲ စစ်ကောင်စီတပ်က အဓမ္မစခန်းချ တပ်စွဲ

တောင်ကြီးဗုဒ္ဓတက္ကသိုလ်ကျောင်းဝင်းထဲ စစ်ကောင်စီတပ်က အဓမ္မစခန်းချ တပ်စွဲ

အောက်တိုဘာ ၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တောင်ကြီးမြို့ ဗုဒ္ဓတက္က သိုလ်သို့သွားရောက်ကာ အောက်စဖိုဒ့်ဆရာတော် ရှင်ဓမ္မာသာမိနှင့် မတွေ့ဆုံ ခင် နှစ်ရက်ခန့်အလိုကတည်းက စစ်ကောင်စီတပ်က ဗုဒ္ဓတက္ကသိုလ် ကျောင်း ဝင်း အတွင်းသို့ အဓမ္မဝင်ရောက်တပ်စွဲခဲ့ကြောင်းသိရသည်။

စစ်ခေါင်းဆောင် လာရောက်မည့်အကြောင်းမသိရဘဲ စစ်ကောင်စီတပ်များ လာရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးဗုဒ္ဓတက္ကသိုလ်နှင့် နီးစပ်သည့် သံဃာတစ်ပါးကပြောသည်။

"သူလာမယ်ဆိုတာ လာခါနီးမှကျောင်းကသိတာ။ အဲ့မတိုင်ခင်နှစ်ရက်လောက် ကတည်းကကျောင်းဝင်းထဲမှာ သူတို့လူအင်အားနဲ့တပ်လာစွဲတယ်၊ဘယ်လိုပဲ တောင်းပန် တောင်းပန်ပြန်မသွားဘူး၊ ပြီးတော့မှ လုံခြုံရေးအကြောင်းပြတယ် "ဟုပြောပါသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်သည် ၎င်း၏ ရှမ်းပြည်တောင်ပိုင်းခရီးစဉ် တွင် ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖိုဒ့်ဆရာတော်အရှင်ဓမ္မသာမိနှင့် တွေ့ဆုံမှုကို အသုံးချဝါဒဖြန့်ခဲ့ပြီးနောက် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required