တူရကီက ဝီဂါများအပေါ် စိတ်မဝင်စား

By IFFRAS
04 October 2021
တူရကီက ဝီဂါများအပေါ် စိတ်မဝင်စား

တရုတ်နိုင်ငံ၏ ဖိနှိပ်စက်မှုမှ ထွက်ပြေးလာသောဝီဂါထောင်ပေါင်းများစွာသည် တူရကီတွင် ခိုလှုံလျက်ရှိကြသည်။ လက်ရှိအချိန်တွင် ဝီဂါဦးရေခန့်မှန်း ၅၀ ၀၀၀ ခန့်သည် တူရကီတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာတွင် နေရပ်စွန့်ခွါလာသူဝီဂါအများဆုံး ရောက်ရှိနေသည့် နေရာလည်းဖြစ်သည်။

တူညီသောယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးများကြောင့် ဝီဂါများသည် တူရကီတွင် ခိုလှုံကြခြင်းဖြစ်သည်။

သို့သော် မကြာသေးမီနှစ်များအတွင်းတူရကီသည် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုတိုးတက်လာသောကြောင့် ဝီဂါများ၏ အတိဒုက္ခအကြောင်း ထုတ်ဖော်ပြောဆိုမှုနည်းလာသည်။ တူရကီသည် တရုတ်အပေါ် စီးပွားရေးအရ ပိုမိုမှီခိုလာသောကြောင့် တူရကီအစိုးရသည် ဝီဂါအခွင့်အရေးများကို ကာကွယ်ပေးခြင်းသို့မဟုတ် ဘေးကင်းလုံခြုံစွာနေခွင့်ပေးခြင်းများကိုထပ်မံမစွမ်းဆောင်နိုင်တော့ပေ။

ထို့ပြင် တူရကီနှင့် တရုတ်တို့သည် ၂၀၁၇ ခုနှစ်က ပြစ်မှုကျူးလွန်သူအား နေရပ်ပြန်ပို့ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တူရကီ၌ နေကြသောဝီဂါများကိုပစ်မှတ်ထားရန် ထိုသဘောတူညီချက်အားအသုံးချနိုင်သည်ဟူသောကြောက်ရွံ့မှုများကိုဖြစ်လာစေသည်။

နယ်သာလန်၊ ကနေဒါနှင့် ယူကေကဲ့သို့သောနိုင်ငံများစွာကတရုတ်၏ ဖိစီးနှိပ်စက်မှုသည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဆိုသောဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့ကြသော်လည်း တူရကီ၏လက်ရှိအာဏာရတရားမျှတမှုနှင့်ဖွံ့ဖြိုးရေးပါတီ (AKP) က ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်တွင် အနောက်မြောက်ပိုင်းရှင်ကျန်းဒေသ၌ ဝီဂါမွတ်စလင်လူနည်းစုအပေါ် တရုတ်ပြုမူဆက်ဆံပုံသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟူသောအဆိုပြုချက်ကိုမဲမပေးဘဲပယ်ချခဲ့သည်။

တူရကီသည် ဝီဂါများ၏ အတိဒုက္ခကိုမျက်ကွယ်ပြုလိုက်ပုံပေါ်သည်။ ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်အရာရှိများအပေါ် အရေးယူပိတ်ဆို့ရမည့်အစား

တူရကီသည် တရုတ်နိုင်ငံအတွင်းဖိစီးနှိပ်စက်ခံရမှုမှ လွတ်မြောက်ရန် မိမိနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံသည့် ဝီဂါများကို အလျဉ်းသင့်သလိုထိန်းသိမ်းထားသည်။

မကြာသေးမီ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်က ဝီဂါတစ်ဦးဖြစ်သည့် ကာဘန် တိုတင်နီယက်ဇ်သည် အစ္စတန်ဘူလ်တွင် ထိန်းသိမ်းခံရသည်။ တိုတင်နီယက်ဇ် ကိုအစ္စတန်ဘူလ်ရှိ Sirkeci ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များကိုလည်း လာရောက်တွေ့ဆုံခွင့်မပြုခဲ့ပေ။ မိသားစုဝင်များက တိုတင်နီယက်ဇ်အား တရုတ်နိုင်ငံပြန်ပို့ခံရမည်ကို စိုးရိမ်လျက်ရှိသည်။

တူရကီက ဝီဂါအဖွဲ့အစည်းအား အကန့်အသတ်ဘောင်အတွင်း၌သာနေရန်နှင့် တူရကီ-တရုတ်ဆက်ဆံရေးမထိခိုက်စေရန် ဖိအားပေးသည့်အနေဖြင့် ဤသို့ ဝီဂါများအား တစ်ဖက်သတ် ထိန်းသိမ်းများပြုလုပ်ကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဖြစ်ရပ်တစ်ခုတွင် တူရကီရဲများက ဝီဂါဒုက္ခသည်အချို့၏ အိမ်များကိုဝင်ရောက်စီးနင်းခဲ့ပြီး ၁၅ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နေရပ်စွန့်ခွါသူဝီဂါများ၏ အဆိုအရ ၎င်းတို့သည် အကြမ်းဖက်လှုပ်ရှားများမည်သည့်အခါမျှ မပတ်သက်ဖူးသော်လည်း အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာဖမ်းဆီးထိန်းသိမ်းခံကြရခြင်းဖြစ်သည်။

“အစ္စလာမ်ကာကွယ်စောင့်ရှောက်သူ” ဆိုသူများသည် တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းကွန်ရက်တွင် တစ်ဖက်သတ် အကျဉ်းချခံထားရသည့် ဝီဂါမွတ်စလင်များ ဖိစီးနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ တစ်ခွန်းမျှပင် အသံမထွက်သည်မှာလွန်စွာအံ့ဩစရာကောင်းနေသည်။ ဝီဂါများဖိနှိပ်ခံရမှုကို ဆန့်ကျင်၍ အသံပြုရမည့်အစား ၎င်းတို့သည် နိုင်ငံအတွင်းရှိဝီဂါများကိုထိန်းသိမ်းခြင်းနှင့် တရုတ်သို့ လွှဲပြောင်းပေးခြင်းအားဖြင့် တကယ်တမ်းတွင် တရုတ်ကို အားပေးအားမြှောက်ပြုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly