သာကေတ မြင်တော်သာလမ်းတွင် ပေါက်ကွဲမှုဖြစ်

သာကေတ မြင်တော်သာလမ်းတွင် ပေါက်ကွဲမှုဖြစ်

အောက်တိုဘာ ၄

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းတွင် ယနေ့ အောက်တိုဘာ ၃ ရက် ည ၈နာရီ ၂၈ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကို ပြုလုပ်ခဲ့သည်ဟု Burma Final Revolution Armed Forces က ထုတ်ပြန်ထားသည်။

"ပေါက်ကွဲတာက အသံတော်တော်ကျယ်တယ်။ ဂိတ်ဟောင်းမှတ်တိုင် ပျိုးဥယျာဥ်နားမှာပေါက်တာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

မြင်တော်သာဂိတ်ဟောင်းတွင် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ "အခြေအနေအရပ်ရပ်ကြောင့် အလွန်စိတ်မကောင်းစွာ မထိရောက်ခဲ့ပေ။ ခွေးသေမှအိပ်နိုင်မည်ဆိုသလို မသေမချင်း တော်လှန်ရေးကြီး မအောင်မချင်း နောက်ဆုံးချိန်အထိ မိမိ တို့ B.F.R.A. F အဖွဲ့မှတော်လှန်တိုက်ထုတ်သွားမည်" ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယနေ့‌ အောက်တိုဘာ ၃ ရက်နေ့လည်၁၂နာရီ ၂၁ မိနစ်အချိန်တွင်လည်း B.F.R.A.F အဖွဲ့က ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Pou Chen Co.Ltd ဧရိယာအပိုင်အနီးတွင် သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး လက်ရှိအလုပ်အကိုင်ရှားပါးမှုနှင့်နိုင်ငံတော်အရေးပေါ်အခြေအနေကိုအသုံးချ၍ မြန်မာအလုပ်သမားများကို ဖိနှိပ်စေခိုင်းနေသော ၎င်းတရုတ်ပိုင်ကုမ္ပဏီအား အပြီးသတ်ချေမှုန်းမည်ဟုလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly