မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပြောက်ကျားတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး၊ ‌၁၀ ဦးဒဏ်ရာရ

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပြောက်ကျားတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး၊ ‌၁၀ ဦးဒဏ်ရာရ

အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာများကို အကြမ်းဖက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီအဖွဲ့အား ၎င်းတို့ အပြန်လမ်းတွင် ပြောက်ကျားတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးပြီး ‌၁၀ ဦးဒဏ်ရာရခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ယနေ့အောက်တိုဘာလ ၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများသည် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်ဝင်ရောက်သောင်းကျန်းခဲ့ပြီးနောက် ယင်းမြို့နယ်အတွင်းရှိ ကျောက်ရစ်ရဲစခန်းသို့ အပြန် အောက်တိုဘာလ ၁ ရက် နေ့လည် ၂ နာရီ မိနစ်၃၀ခန့်က

ပြည်သူ့ကာကွယ်ရေး‌ ပြောက်ကျားတပ်ဖွဲ့များဖြစ်ကြသည့် နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် မဟာမိတ်ညီနောင်ငါးဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမဟာမိတ်ညီနောင် ငါးဖွဲ့မှာ မြောင်၊ မြင်းခြံ၊ တလုတ်မြို့ သုံးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required