၀မ်းတွင်းမြို့နယ် နဘဲကန်ရွာအနီးရှိ Mytel တာဝါတိုင် ဝါယာကြိုးများကို မင်းညီနောင်အဖွဲ့ မီးရှို့ဖျက်ဆီး

၀မ်းတွင်းမြို့နယ် နဘဲကန်ရွာအနီးရှိ Mytel တာဝါတိုင် ဝါယာကြိုးများကို မင်းညီနောင်အဖွဲ့ မီးရှို့ဖျက်ဆီး

အောက်တိုဘာ ၂

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာအနီးရှိ Mytel တာဝါတိုင်က ဆားဗစ်ဝါယာကြိုးများကို မင်းညီနောင်‌ပျောက်ကြားတပ်မှ အောက်တိုဘာ ၁ရက်နေ့တွင် ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း မင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

"မြေပြင်အခြေအနေအရ အခုလိုဖျက်ဆီးပြီးရင် အဖွဲ့သားတွေက ပုန်းရှောင်နေရတာ၊ တာဝါတိုင်အနီးက နေအိမ်တွေကို စစ်တပ်က ဒုက္ခပေးမှာ စိုးရိမ်ရတယ်''ဟု မင်းညီနောင်အဖွဲ့တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာလအတွင်းက သဖန်းရွာရှိMytel တာဝါတိုင်ကို ဖျတ်ဆီးခဲ့စဉ်က သဖန်းရွာသားလေးဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိတွင် အဖွဲ့အနေနှင့် လက်နက်ခဲယမ်း အခက်အခဲရှိခြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင်များဖျက်ဆီးခြင်း၊ ဒလန်ရှင်းခြင်းမျှသာ လုပ်နိုင်ပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှုများ မလုပ်နိုင်သေးကြောင်း ဆိုသည်။ လက်နက်ခဲယမ်း အလုံအလောက်ရလာပါက စစ်ဆင်ရေးကို ချက်ချင်းစမည်ဖြစ်ကြောင်း မင်းညီနောင်‌ ပျောက်ကြားတပ်က ဆိုထားသည်။

မင်းညီနောင်တပ်ဖွဲ့ဝင်များအ‌နေဖြင့် Mytelတာဝါတိုင်များကို ဖျက်ဆီးခဲ့သည်မှာ ယခုတကြိမ်အပါအဝင် လေးကြိမ်မြောက် ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly