ဒေါ်အောင်ဆန်းစုကြည် အားစွဲဆိုထားသော အဂတိအမှုအတွက် တရားလိုပြ သက်သေအဖြစ် ဦးဖြိုးမင်းသိန်းလာရောက်ထွက်ဆို

ဒေါ်အောင်ဆန်းစုကြည် အားစွဲဆိုထားသော အဂတိအမှုအတွက် တရားလိုပြ သက်သေအဖြစ် ဦးဖြိုးမင်းသိန်းလာရောက်ထွက်ဆို

အောက်တိုဘာ ၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိလိုက်စားမှုတိုက် ဖျက်ရေးအမှုလေးမှုရှိသည့်အနက် တစ်မှုတွင် တရားလို ပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုခဲ့သည်ဟု ရှေ့နေဦးခင်မောင်ဇော်အပြောအရ သိရသည် ။

ယင်းသို့လာရောက်ထွက်ဆိုရာတွင် ဉီးဖြိုးမင်းသိန်းက စစ်ကောင်စီ၏အာဘော် ရုပ်မြင်သံကြားတွင် ထုတ်ပြန်ခဲ့သည့် အတိုင်း အမေရိကန်ဒေါ်လာ ခြောက်သိန်း နှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိသာကို သုံးကြိမ်ခွဲ ပေးခဲ့ရသည် ဆိုသည့်အတိုင်း ထွက်ဆိုခဲ့သည်။

"အမှုနဲ့ပက်သက်ပြီးတော့ တရားသူကြီးက အခြားအရပ်သားသက်သေ တင် သွင်းဖို့ ပြောတယ် အဲဒီအချိန်မှာ ခေါ်ထားတဲ့ အရပ်သားမျက်မြင်သက်သေက ဦးဖြိုးမင်းသိန်းဖြစ်နေတယ် အရင် သူတီဗွီမှာ ထုတ်ပြောသွားတဲ့အတိုင်းပဲ အပြည့်အဝပြန် ထွက်ဆိုသွားတယ်။ ရွှေနဲ့ ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည် ကို ပေးခဲ့ပါတယ်ဆိုပြီးတော့ပေါ့။ သူ့ကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့က ဖြတ်သွားတာတောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြည့်ဘူး" ဟု ဉီးခင်မောင်ဇော်ကဆိုသည်။

ယနေ့ရုံးချိန်းတွင် ရာဇဝတ်မှုကြီးအမှတ် ၂/၂၀၂၁ အမှုအတွက် ဦးဖြိုးမင်းသိန်း ကို စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည် ။

အမှုနှင့်ပက်သက်၍ အမှုသည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြား ချက် မရရှိသေးသည့်အတွက် အမှုအား ရက်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြ သော်လည်း တရားသူကြီးက သက်သေများကို အဓိကထား စစ်ဆေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရာဇဝတ်ကြီးအမှတ် ၂/၂၀၂၁ အမှုအတွက် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်၏စစ်ဆေးရေးမှုး ဦးရဲထက်ကို စစ်ဆေးခဲ့ပြီး ၎င်းထွက်ဆို မှုများအတွက် စွပ်စွဲခံရသူဘက် ရှေ့နေများက အောက်တိုဘာ ၈ ရက်နေ့ ရုံးချိန်း တွင် ပြန်လှန်မေးခွန်းများဖြင့် ချေပသွားကြမည်ဖြစ်သည်။

ယင်းနောက် အဂတိလိုက်စားမှုဖြင့် စွဲဆိုထားသည့် အမှုလေးမှု အနက် နောက် ထပ် တစ်မှုဖြစ်သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရရှိထားသောငွေများ ဖြစ် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ဆောက်ပေးခဲ့သည်ဆိုသောအမှုအတွက် ယင်းအဆောက်အဉီးကို တာဝန်ယူဆောက်လုပ်ပေးနေသော ကုမ္ပဏီ၏ လက်အောက်ခံအရာရှိတစ်ဉီးက သက်သေအဖြစ်လာရောက် ထွက်ဆိုခဲ့သည် ။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင် နှင့် ဉီးမင်းသူ တို့ကို တစ်ပေါင်းတည်းစွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် မြေဧက ၁၀၁ ဒသမ ၃၃ ဧက ကိုကာလပေါက်ဈေးထက် လျှော့ချရောင်းခဲ့သည်ဟု ဆိုသော အမှုကို ဆက်လက်စစ်ဆေးခဲ့သည်။ ယင်းအမှုအတွက်လည်း ဉီးရဲထက်ကပင် သက်သေအဖြစ် စစ်ဆေးခံခဲ့ခြင်းဖြစ်ကာ ပြန်လှန်မေးခွန်းစစ်ဆေးရန်အတွက် အောက်တိုဘာ ၈ ရက်ကို ပြန်လည်ချိန်းဆိုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင် နှင့် ဉီးရဲမင်းဉီး တို့ကို တစ်ပေါင်းတည်းစွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင်မြေကို ကာလပေါက်ဈေးထက် လျှော့ချရောင်းခဲ့သည့် အမှုအတွက် အောက်တိုဘာ ၈ ရက်သို့ ပင် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသော အမှု ၁၀ မှု ရှိပြီး ပြစ်ဒဏ်ကျခံရပါက စုစုပေါင်း ထောင်ဒဏ် ၈၇ နှစ်အထိ ချမှတ်ခံရနိုင်သော အမှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required