သံဖြူဇရပ်ရှိ Mytel တာဝါတိုင်ကို ကာကွယ်ရေးအဖွဲ့များ မီးရှို့မိုင်းခွဲ

သံဖြူဇရပ်ရှိ Mytel တာဝါတိုင်ကို ကာကွယ်ရေးအဖွဲ့များ မီးရှို့မိုင်းခွဲ

အောက်တိုဘာ ၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ မော်လမြိုင်-ရေး အဝေးပြေးကားလမ်းကြီး ဘေးရှိ Mytel တာဝါတိုင် ကို ရေးနှင့်သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းပြီး အောက်တို့ဘာလ ၁ ရက်နေ့ ညနေ ၆နာရီကျော်အချိန်က မီးရှို့ မိုင်းခွဲခဲ့ကြောင်း သိရသည်။

“အရင်မီးရှို့ပြီး ၁၅မိနစ်လောက်နေမှာ မိုင်းခွဲဖျက်ဆီးလိုက်တယ်။ ည ၁၀ နာရီအချိန်လောက်က အနီးနားမှာ ရှိနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ခြောက်ချက်ခန့် ရမ်းသန်းပစ်ခတ်မှုတွေလုပ်ဆောင်တယ် “ ဟု ရေးပြည်သူ့ကာကွယ်ရေးတပ်မှာ ဗိုလ်ရန်နိုင် က ဆိုသည်။

ဒေသခံပြည်သူ့ ကာကွယ်ရေးနှစ်ဖွဲ့ပူးပေါင်းပြီး Mytel တာဝါတိုင် ကိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် တာဝါတိုင် အနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသော်လည်း ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလတွင်းကလည်းရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က စစ်ကောင်စီပိုင် Mytel တာဝါတိုင်များအား ဖျက်ဆီးခြင်း လေးကြိမ်တိုင်တိုင် ပြုလုပ်ထားနိုင်ခဲ့ ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF နှင့်ပူးပေါင်း၍ နောက်တစ်ကြိမ် ထပ်မံ ဖျက်ဆီးနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required