အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် အိန္ဒိယက အဓိကကျနေပြီး စစ်ရေးအုပ်စုဖွဲ့ခြင်းသည် ပြဿနာ၏ အဖြေမဟုတ်ကြောင်း ပြင်သစ် သံတမန်ပြောကြား

By NDTV
01 October 2021
အင်ဒို-ပစိဖိတ်မဟာဗျူဟာတွင် အိန္ဒိယက အဓိကကျနေပြီး စစ်ရေးအုပ်စုဖွဲ့ခြင်းသည် ပြဿနာ၏ အဖြေမဟုတ်ကြောင်း ပြင်သစ် သံတမန်ပြောကြား

ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့အကြား AUKUS စာချုပ် လက်မှတ်ရေးထိုးခြင်းသည် မဟာမိတ်များအကြား ယုံကြည်မှုချိုးဖောက်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် အီမန်နူရယ်လန်နီယန်က ပြောကြားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုသည် အဖြေတစ်ခုမဟုတ်ဘဲ ပိုမိုကျယ်ပြန်သည့် ချည်းကပ်မှုကို လုပ်ဆောင်ရန် လိုအပ်ကြောင်း မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် AUKUS သဘောတူစာချုပ်ကို ကိုးကားလျက် ပြင်သစ်အစိုးရက ပြောကြားသည်။

AUKUS စာချုပ်အခြေအနေနှင့်ပတ်သက်၍ ANI သို့ သီးခြားပြောဆိုခဲ့သည့် အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး အီမန်နူရယ်က “ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုကို ခင်ဗျားတို့ သိပါတယ်။ အုပ်စုဖွဲ့ပြီး စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုဟာ ကျွန်တော်တို့ ပြဿနာအတွက် အဖြေမဟုတ်ဘူး။ နိုင်ငံအချင်းချင်းတွေကြားမှာ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကျယ်ပြန့်တဲ့ ချဉ်းကပ်မှု လုပ်ဆောင်ဖို့ လိုပါတယ်။ အပြုသဘောလမ်းစဉ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

၃ နိုင်ငံ ပါဝင်သည့် AUKUS လုံခြုံရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

AUKUS နှင့် နှိုင်းယှဉ်ပါက Quad သည် ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့နိုင်ငံများ အုပ်စုဖြစ်ကြောင်း သံတမန်က ပြောကြားခဲ့သည်။

လူကိုယ်တို်ငပါဝင် တက်ရောက်သည့် ပထမဆုံးအကြိမ် Quad ထိပ်သီးဆွေးနွေးပွဲကို သမ္မတဂျိုးဘိုင်ဒင်က ဝါရှင်တန်မြို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက လက်ခံကျင်းပခဲ့သည်။ အဆိုပါအဖွဲ့တွင် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သည်။

AUKUS စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ပြင်သစ်အစိုးရက ၎င်း၏ သံတမန်များကို အမေရိကန်မှ ပြန်ခေါ်ခဲ့သည်။ သမ္မတမက်ခရွန်နှင့် သမ္မတဘိုင်ဒင်တို့ ဆွေးနွေးပြီးနောက် သံတမန်များကို ပြန်ပို့ရန် သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly