တရုတ်တွင် LGBTQ ကျောင်းသားများ နှိပ်ကွပ်ခံရ

By The Times of Israel
01 October 2021
တရုတ်တွင် LGBTQ ကျောင်းသားများ နှိပ်ကွပ်ခံရ

တရုတ်ကွန်မြူနစ်အစိုးရက လိင်စည်းမခြား (LGBTQ) ကျောင်းသားများကို တက္ကသိုလ်အတွင်း မျက်ခြေမပြတ် စောင့်ကြည့်၍ ပြင်းထန်စွာ နှိပ်ကွပ်ခြင်းနှင့် မိန်းမလျာများကို ရုပ်သံအစီအစဉ်များ၌ အသုံးပြုခြင်းအား ရပ်တန့်ရန် လုပ်ဆောင်ခြင်းတို့ဖြင့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို မြှင့်တင်လုပ်ဆောင် လျက်ရှိသည်။

လိင်တူချင်းပေါင်းသင်းဆက်ဆံ လက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုမထားသည့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီက ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးကဏ္ဍများအပေါ် ထိန်းချုပ်ရန် ကြိုးပမ်းမှုသည် ပြည်သူများ၏ ပုဂ္ဂိုလ်ရေး ဘဝနေထိုင်မှုများအပေါ် စွက်ဖက်နှောက်ခြင်းသို့ ရောက်ရှိသွားသည်။

ရုပ်သံအစီအစဉ်များတွင် ဖျော်ဖြေရေးအစီအစဉ်များအပေါ် ဖိနှိပ်မှုအဖြစ် မိန်းမလျာများနှင့် အခြားပုံမှန်မဟုတ်သော အလှပြင်ဆင်၍ ရုပ်သံအစီအစဉ်များတွင် ပါဝင်တင်ဆက်မှုကို အစိုးရ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တားမြစ်ထားသည်။ မိန်းမလျာများကိုလည်း ‘ဝတ်လစ်စလတ် သေနတ်များ’ ဟု စော်ကားသုံးစွဲခဲ့သည်။

ရုပ်သံအစီအစဉ်များသည် တရုတ်လူငယ်အမျိုးသားများကို ယောက်ျားပီသမှုမရှိအောင် လုပ်ဆောင်နေပြီး တရုတ်ပေါ့ပ်နာမည်ကျော်အချို့သည် တောင်ကိုရီးယားနှင့် ဂျပန်တို့မှ အဆိုတော်များနှင့် သရုပ်ဆောင်များ၏ မိန်းကလေးအသွင်ပေါက်နေခြင်းကို အတုယူနေသည်ဟု အစိုးရတာဝန်ရှိသူများက စိုးရိမ်လျက်ရှိသည်။

တရုတ်နိုင်ငံမှ လိင်စည်းမခြား အသိုင်းအဝိုင်းနှင့် ပတ်သက်၍ စိုးရိမ်မှုကိုလည်း The Diplomat မဂ္ဂဇင်းတွင် ယခုကဲ့သို့ ရေးသားထားသည်။ “ကွန်မြူနစ်ပါတီက သတ်မှတ်ထား သည့် ယောက်ျားပီသမှုရှိစေရေးအတွက် ဆောင်လုပ်ရာတွင် ရုရှား၌ လုပ်ဆောင်သကဲ့သို့ တရုတ်လူငယ်များကို ကာကွယ်ရေး ခေါင်းစဉ်ဖြင့် မိန်းမလျာများ ကို နှိပ်နှင်းမှု ပါဝင်သည်။ တရုတ်အနေဖြင့် လိင်စည်းမခြား အသိုင်းအဝိုင်းနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် အသုံးအနှုန်းများအပေါ် လူမှုမီဒီယာများ၌ တင်းကျပ်သည့် စိစစ်မှုများ လုပ်ဆောင်လာခဲ့သည်။ လူမှုမီဒီယာတစ် ဖြစ်သည့် WeChat က ကျောင်းသားများက LGBT အကောင့် တစ်ဒါဇင်ကျော်ကို ယခုနှစ်နွေရာသီအတွင်းက ဖြုတ်ချခဲ့သည်။

၁၉၉၇ ခုနှစ်စ၍ လိင်တူချင်း ဆက်ဆံမှုကို တရုတ်နိုင်ငံတွင် စိတ်ရောဂါစာရင်း၌ ထည့်သွင်းထားခဲ့ပြီး ၂၀၀၁ ခုနှစ်ရောက်မှသာ ဖယ်ရှားပစ်ခဲ့သည်။

LGBTQ တို့၏ ပြောဆိုခွင့်များကို တိုးမြှင့်ရေး၊ ၎င်းတို့၏ ထုံးစံဓလေ့များကို ကျင်းပပေးရေးနှင့် အခွင့်အရေးများအား ပံ့ပိုးပေးရေးတို့အတွက် တစ်လလုံးရည်ရွယ်သတ်မှတ်ထားသည့် ‘ဂုဏ်ယူဖွယ်ရာလ’ (Pride Month) ကို တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် နှစ်စဉ် ကျင်းပခဲ့သည်။ ရှန်ဟိုင်းတွင် Pride Month ကို ၂၀၀၉ ခုနှစ်မစ၍ နှစ်စဉ် ကျင်းပခဲ့ရာ ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်တွင်လည်း သိုသိုသိပ်သိပ် ကျင်းပရမည့်အခြေအနေရှိနေသည်။

LGBTQ အခွင့်အရေး လှုပ်ရှားသူတစ်ဦး၏ ပြောကြားချက်ကို CNN သတင်းတွင် “တစ်နှစ်ထက်တစ်နှက် ပိုပိုပြီး ခက်ခဲကျပ်တည်းလာပါတယ်။ အခမ်းအနားပွဲတွေ နည်းနည်းပဲ လုပ်နိုင်တော့သလို တက်ကြွလှုပ်ရှားသူတွေကလည်း LGBTQ တွေကို ထောက်ခံမှုရဖို့ ကြိုးစားရတာ ပိုပြီး ခက်လာပါတယ်” ဟု ပြောကြားသည်။

မကြာမီနှစ်များက စ၍ LGBTများကို အစိုးရက လိုလိုလားလားမရှိဘဲ လက်ခံခဲ့ရသော်လည်း လိင်တူချင်း လက်ထပ်ခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသလို ပုံမှန်မဟုတ်သည့် လိင်ပိုင်းဆိုင်ရာ အမူအကျင့်များအဖြစ် ဖိနှိပ်မှုများ လုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly