ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း Mytel တာဝါတိုင် ၈ ခုကိုဖျက်ဆီးပြီး ဒလန် ၂ ဦးသုတ်သင်

ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း Mytel တာဝါတိုင် ၈ ခုကိုဖျက်ဆီးပြီး ဒလန် ၂ ဦးသုတ်သင်

အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း စစ်အုပ်စုပိုင် Mytel တာဝါတိုင် ရှစ်ခုကို ဖျက်ဆီးကာ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး နှစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ဝက်လက်အခြေပြုလှုပ်ရှားနေသည့် ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါအဖွဲ့သည် စက်တင်ဘာလမှ အောက်တိုဘာလ ၁ရက် အထိ Mytel တာဝါတိုင် ရှစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းဆုံအနီးရှိ mytel ဆက်သွယ်ရေးတာဝါတိုင်ကို ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၂ နာရီ မိနစ် ၃၀ တွင် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဗုံးဖောက်ခွဲ မီးရှို့ဖျက်ဆီးလိုက်သည်။

“လာရောက်ပြုပြင်ပေးသော မည်သည့်ဝန်ထမ်းကိုမဆို (လုံးဝ) သက်ညှာသွားမည်မဟုတ်” ဟု ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က ဆိုသည်။

ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာ ပျူစောထီးအဖွဲ့ဝင် ဦးဖိုးခိုင်သည် စက်တင်ဘာလ ၁၁ ရက်က အသတ်ခံခဲ့ရပြီး ဘင်တဲကုန်းရွာမှ ဒလန် အောင်ကျော်ဆန်းသည် စက်တင်ဘာ ၂၆ ရက်တွင် အသတ်ခံခဲ့ရသည်။

ယင်းအပြင် သစ်ဆိမ့်ရွာအနီးရှိ Mytel တာဝါတိုင်၊ ဖက်သန်းကြီးရွာအနီးရှိ Mytel တာဝါတိုင်၊ ဟံလင်းရှေ့Mytel တာဝါတိုင်၊ ဟံလင်းတောင်ရှိ Mytelတာဝါတိုင် ၊ နောပင်ရွာ Mytel တာဝါတိုင်၊ မင်းကုန်းရွာနှင့်သရိုင်ကြားရှိmytel တာဝါတိုင်နှင့် ယင်းမတောရွာ mytel ဆက်သွယ်ရေးတာဝါတိုင်တို့အား စက်တင်ဘာလအတွင်း ယင်းအဖွဲ့က ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီအား အုပ်ချုပ်ရေး ယန္တရားလည်ပတ်အောင် ကူညီဆောင်ရွက်ပေးနေသည့် အရာမှန်သမျှကိုတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါ ဖောင်းဒိုင်းဖောင်းဒိုင်း အဖွဲ့က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly