PDFများအား ထုတ်မပေးပါက သဲဖြူကျေးရွာကို မြေပုံပေါ်က ပျောက်သွားအောင်လုပ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

PDFများအား ထုတ်မပေးပါက သဲဖြူကျေးရွာကို မြေပုံပေါ်က ပျောက်သွားအောင်လုပ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်

စက်တင်ဘာ ၂၇

ငရုတ်ကောင်းမြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်သင်တန်းပေးနေသည်ဟုစွပ်စွဲကာ သင်တန်းတက်နေသူများထုတ်မပေးပါက ရွာကိုမြေပုံပေါ်က ပျောက်သွားအောင်လုပ်ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်း ၊ငပုတောမြို့နယ် ၊ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာတွင် PDF များလာရှာသည့် အကြမ်းဖက်တပ်က ရွာသားများကိုဖမ်းဆီးနေသည်မှာ ယခုဆိုလျှင် ၂၃ ယောက်ရှိသွားပြီဖြစ်သည်။ အဖမ်းခံရသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါပါဝင်သည်။

“စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ခေါင်းဆောင်ကပြောတယ်။ ဒီမှာသင်တန်းပေးနေတာ သိတယ်ပေါ့။ အကုန်လုံးကို လာအဖမ်းခံခိုင်း ၊အကုန်ထုတ်ပေး ၊မပေးရင် သဲဖြူရွာကို မြေပုံကနေ ပျောက်သွားအောင် လုပ်ပစ်မယ်လို့ ပြောတယ်။ ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက အင်အားထပ်မံတိုးချဲ့ပြီး သဲဖြူကျေးရွာနှင့် ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများ၏ အဝင်အထွက် လမ်းကို ပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required