မန်းဝန်ကြီးချုပ်အမှု စွဲချက်တင်အမိန့် ခရိုင်တရားရုံး ထပ်မံအတည်ပြု

မန်းဝန်ကြီးချုပ်အမှု စွဲချက်တင်အမိန့် ခရိုင်တရားရုံး ထပ်မံအတည်ပြု

စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပေါ်စွဲဆိုထား သော အမှုနှစ်ခုအတွက် စွဲချက်တင်အမိန့်ကို ခရိုင်တရားရုံးကလည်း ထပ်မံ အတည်ပြုလိုက်ကြောင်း သူ၏ရှေ့နေ ဦးကျော်ညွှန့်က မဇ္ဈိမ ကိုပြောသည်။

အမှုနှင့်ပတ်သက်၍ ဖြေရှင်းရန်အချက်များရှိသဖြင့် မြို့နယ်တရားရုံးက ချမှတ် လိုက်သည့် စွဲချက်တင်အမိန့်မှာ မမှားယွင်းဟုဆိုကာ အတည်ပြုလိုက်ခြင်းဖြစ် သည်ဟု ရှေ့နေအပြောအရ သိရသည်။

ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီကတရားစွဲဆိုထားသော ဆူပူစေရန် လှုံဆော်မှု ပုဒ်မ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅/၃၀ တို့ကို အောင်မြေသာစံမြို့နယ်တရားရုံး(မူလတရားရုံး)တွင် ပြန်လည် စစ်ဆေးသွား ရမည်ဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၇ရက်တွင် ယခင်စစ်ဆေးပြီးစီးခဲ့သော သက်သေများကို ပြန်ခေါ်သက်သေအဖြစ် ခေါ်ယူစစ်ဆေးသွားမည်ဖြစ်သည်။

" အောက်ရုံးအမိန့်ကိုအတည်ပြုလိုက်တယ် ကျွန်တော်တက်တဲ့ပြင်ဆင်မှုကို ပယ်တယ်ပေါ့ ။ ဖြေရှင်းရန်အချက်များရှိနေတယ်ဆိုပြီးတော့...ပြီးတော့ အောက်ရုံးက စွဲချက်တင်အမိန့်ချမှတ်တာ မှားယွင်းမှု မရှိဘူးဆိုပြီးတော့ ပြောတယ်။ အဲ့ဒီတော့ ကျွန်တော်တို့လျောက်တဲ့အမှုကို ပယ်လိုက်တာပေါ့" ဟုဆိုသည်။

အမှုနှစ်မှုနှင့်ပတ်သက်၍ ဇူလိုင် ၉ရက်က အောင်မြေသာစံမြို့နယ်တရားရုံးက ချမှတ်လိုက်သည့် စွဲချက်တင်အမိန့်အပေါ်စွဲချက်မမြောက်ကြောင်း ယူဆသဖြင့် စက်တင်ဘာ ၁၃ရက်တွင် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်လျောက် ထားခဲ့ခြင်း ဖြစ်သည်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာခံစားနေရသော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပေါ် ၅၀၅(ခ)အတွက်မန္တလေးတိုင်း ဒေသကြီး ခရိုင်အုပ်ချုပ် ရေးမှူးရုံးလက် ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခရိုင်က တရားလိုပြုလုပ်တိုင်ကြားခြင်း ဖြစ်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅/၃၀အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှိ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required