ဝက်လက်ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဝက်လက်ရှိ Mytel ဆက်သွယ်ရေးတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
(ဓာတ်ပုံအဟောင်း)

စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းရှိ Mytel ဆက်သွယ်ရေး တာဝါတိုင်ကို ယနေ့စက်တင်ဘာ ၂၅ ရက် နံနက် ၁ နာရီတွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဝက်လက်ဒေသအခြေပြု ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့ထံက သိရသည်။

ယခုမီးရှို့ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဝက်လက်မြို့နယ်တွင် စက်တင်ဘာလအတွင်း ငါးခုမြောက် မိုင်းခွဲဖျက်ဆီးခံရသည့် ဆက်သွယ်ရေး တာဝါတိုင် ဖြစ်သည်။

ပျက်စီးသွားသည့် ဆက်သွယ်ရေးတာဝါတိုင်များကို လာရောက်ပြုပြင်ပေးသော မည်သည့်ဝန်ထမ်းကိုမဆို သက်ညှာသွားမည်မဟုတ်ကြောင်းလည်း ၎င်းတို့က သတိပေးထားသည်။

ယင်းအပြင် ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့အနေဖြင့် ဝက်လက်မြို့နယ်ရှိ ရွှေအိုးကျကျေးရွာ ၊ သစ်ဆိမ့်ရွာ၊ ရေလမော်ကျေးရွာနှင့် မင်းကုန်းရွာရှိ ပျူစောထီးအဖွဲ့ဝင် လေးဦးကိုလည်း ပြီးခဲ့သည့် လပိုင်းအတွင်းက ရှင်းလင်းသုတ်သင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်အုပ်စုယန္တရားလည်ပတ်နိုင်ရန် ကူညီဆောင်ရွက်ပေး နေသူ အားလုံးကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဝက်လက်ဒေသအခြေပြု ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့က အသိပေး ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly