နိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံရသော ဒေါ်အောင်ဆန်းစုကြည် ၊ မစ္စတာ ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦးတို့ အမှု စတင်ကြားနာ

နိုင်ငံတော်လျို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံရသော ဒေါ်အောင်ဆန်းစုကြည် ၊ မစ္စတာ ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦးတို့ အမှု စတင်ကြားနာ

စက်တင်ဘာ ၂၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ပါမောက္ခရှောင်တာ နယ်တို့အပါအဝင် လျို့ဝှက်အက် ဥပဒေဖြင့် တစ်ပေါင်းတည်း တရားစွဲခံထားရ သည့်သူများ၏အမှုကို နေပြည်တော်တွင် ယနေ့ ကြားနာစစ်ဆေးကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော် ဒက္ခိဏ အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်လျို့ဝှက်အက် ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် တစ်ပေါင်းတည်း တရားစွဲဆိုခံထားရသေ သြစတြေး လျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုဝန်ကြီး ဦးဆက်အောင်တို့ကို ရုံးထုတ်ပြီး အမှုကို နံနက် ၁၀ နာရီတွင် စတင်သည်။

နေပြည်တော်တွင် လျှို့ဝှက်နေရာတွင် ထိန်းသိမ်းခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတော့ Video Conference စနစ်ဖြင့်သာ စစ်ဆေးခဲ့ သည် ကို တွေ့ရသည်။

အမှုအားစစ်ဆေးမည့် ခရိုင်တရားသူကြီး ဦးရဲလွင်က တရားရုံးပြောင်းလဲစစ် ဆေးရခြင်းနှင့်ပတ်သက်၍ စွပ်စွဲခံရသူများကို ရှင်းပြပြောဆိုခဲ့ပြီးနောက် အမှုအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများကိုလည်း စွပ်စွဲခံရသူများ ဘက်မှ ကိုယ်စားပြု ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းပြခဲ့သည်။

အမှုကို ယခင်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုဆိုခြင်း ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ အမှုတွင် တစ်ပေါင်းတည်း ပါဝင် နေခြင်းကြောင့် နိုင်ငံတော်တရားရုံးချုပ်က နေပြည်တော် ဒက္ခဏိခရိုင်တရားရုံး တွင် စစ်ဆေးရန် လွှဲပြောင်းခဲ့သည်။

စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများနှင့်ပတ်သက်၍ ရှေ့နေဦးခင်ဇော် က ထုတ်ပြန်ချက်တစ်ခုပေးပို့သည်။ အဆိုပါစာရင်းအရ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေများမှာ ဦးကြည်ဝင်း ၊ ဦးခင်မောင် ဇော်နှင့် ဒေါ်စန်းမာလာညွှန့်တို့ဖြစ်သည်။ မစ္စတာရှောင်တာနယ်အတွက် ရှေ့နေ ဦးနေဝင်းနှင့် ဦးရဲလွင်တို့ဖြစ်ကာ ဝန်ကြီး ဦးစိုးဝင်းအတွက် ဦးသန်းလွင် ၊ဒေါ်မော်နှင့် အငယ်တန်းရှေ့နေတစ်ဦးတို့ လိုက်ပါဆောင်ရွက်မှာဖြစ်သည်။ ဒုဝန်ကြီး ဦးဆက်အောင်အတွက် ဒေါ်စန်းမာလာညွှန့်ကပင် တစ်ဦးတည်း ဆောင်ရွက်မှာဖြစ်သည်ဟု သိရှိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီးက နောက်ရုံးချိန်းတွင် နှစ်ဘက်လျှောက် လဲချက်များ တင်ပြရန် ချိန်းဆိုလိုက်ပြီး တစ်ပြိုင်နက် မစ္စတာရှောင်တာနယ် တစ်ဦးတည်းအပေါ်စွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ဖြင့် တရား စွဲထားမှုအတွက် ဆက်လက်စစ်ဆေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုအတွက် ပါမောက္ခရှောင်တာနယ်၏ အမှုလိုက် ရှေ့နေများကတော့ ကိုယ်စားလှယ်လွှဲစာ (ပါဝါ) တင်ခဲ့ကြသည်။ သူ၏ အမှု နှစ်ခုလုံးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ကြားနာစစ်ဆေးသွားမည်ဟု တရား သူကြီးက ဆုံးဖြတ်ခဲ့သည်။

မစ္စတာ ရှောင်တာနယ်၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနှင့် ဦးဆက်အောင်တို့ လေးဦး စလုံး ပင်ပန်းအားနည်းနေကြသည့် ပုံများပေါ်လွင်နေကြောင်း ဦးခင်မောင်ဇော် အပြောအရ သိရသည်။

ဦးကျော်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ပထမသက်တမ်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၂၅ ရက် တွင် နှုတ်ထွက်ခဲ့သည်။

မစ္စတာရှောင်တာနယ်သည် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ မက္ကောရီ တက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအကြံ ပေးနေသည်မှာ နှစ်များစွာကြာမြင့်နေပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အင်အားသုံးကာ ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုဖယ်ရှားလိုက်ပြီးနောက်ပိုင်း ပထမဆုံးအဖမ်းခံရသူမှာ မစ္စတာရှောင် တာနယ်ဖြစ်သည်။

သူ့ကို ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင်ဖမ်းဆီးခဲ့ကာ သူပိုင်လက်ပ်တော့ ကွန်ပြူတာနှင့် စာရွက်စာတမ်းများတွင် တွေ့ရသောအချက်အလက်များ ကြောင့်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများကိုပါ လျို့ဝှက်အက်ဖြင့် အမှုတွဲကာဖွင့်ခဲ့သည်။

မစ္စတာရှောင်တာနယ်ကော ရန်ကုန်တွင်အဖမ်းခံခဲ့ရသော ဝန်ကြီးသုံးဦးလုံးမှာ အင်းစိန်ထောင်တွင်းထိန်း သိမ်းခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required