အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှာချိုင့်ဝှမ်းတွင် လူအိုများနှင့် လူသူကင်းမဲ့နေသည့် မြို့များသာ ကျန်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှာချိုင့်ဝှမ်းတွင် လူအိုများနှင့် လူသူကင်းမဲ့နေသည့် မြို့များသာ ကျန်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှာပြည်နယ်ရှိ တိုက်ခိုက်ရေးသမားများက တာလီဘန်များအား နောက်ဆုံး တစ်ယောက်ကျန်သည်အထိ တိုက်ခိုက်ရန် ကတိပြုခဲ့သော်လည်း တာလီဘန်များ အောင်ပွဲခံပြီး ၂ ပတ်ခန့် အကြာတွင် နယ်မြေကြမ်းသော ချိုင့်ဝှမ်း၏ အစိတ်အပိုင်းများ၌ လူသူ ကင်းမဲ့နေသည်။

ကျေးရွာအများအပြားတွင် လူအိုများနှင့် တိရစ္ဆာန်များသာကျန်ရှိတော့သည်။

ပိတ်ထားသောဆိုင်တစ်ဆိုင်၏ အမိုးကာအောက်တွင် ထိုင်နေသော အက်ဒူလ်ဂါဖိုသည် ခန်ဂျ်ခရိုင်ရှိ ကျောက်တုံးကျောက်ခဲထူထပ်သည့် တောင်ကုန်းတစ်ခုတွင် တည်ရှိသည့် စွန့်ပစ်ထားခဲ့ရသော သူ၏ ရွာအကြောင်းကို စဉ်းစားသည်။

“ အရင်က မိသားစု ၁၀ဝ နီးပါး ဒီမှာနေခဲ့ကြတယ်” ဟု သူက ပြောသည်။ “ အခု သုံးစုပဲကျန်တော့တယ်။ လူတိုင်းထွက်ခွာသွားကြပြီ။ ”

အများစုသည် သြဂုတ်လက တာလီဘန်တို့ မသိမ်းပိုက်မီ တောင်ဘက်ရှိ မြို့တော်ကဘူးလ်သို့ ထွက်ပြေး ခဲ့ကြသည်ဟုဆိုသည်။

မာလာစပါရှိ ချိုင့်ဝှမ်းကို ကျော်ဖြတ်တက်သွားပါက ရေစီးသန်သည့် မြစ်တစ်လျှောက် စိမ်းလန်းသော ကမ်းမြောင်တစ်လျှောက်တွင် ရွာသားများသည် အတင်းနှင့် သတင်းများကို ဝေမျှရန် တစ်ချိန်က တွေ့ဆုံခဲ့ကြသည်။

ယခုအခါ ခြေထောက်တစ်ဖက် ထော့နဲ့ထော့နဲ့ဖြစ်နေသည့် အသက် ၆၇ နှစ်အရွယ် ခိုလ်မိုဟာမက်နှင့် မြည်းတစ်ကောင်သာ အခြားလူအနည်းငယ်နှင့် အနီးတစ်ဝိုက်တွင် ကျန်ရစ်ခဲ့သည်။

“ မိသားစုအနည်းငယ်ကျန်ပေမယ့် ကျန်တဲ့လူထဲက ၈၀ လောက်က ထွက်ခွာသွားပါပြီ” ဟု သူက ဆိုသည်။

ပန်ဂျ်ရှာပြည်နယ်၏ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည့် ခရိုင် ၇ ခုအနက် AFP သတင်းအဖွဲ့ ရောက်ခဲ့သည့် ခရိုင် ၃ ခုတွင် ယင်းအဖြစ်အပျက်များမှာ ရွာတိုင်းလိုလိုပင်ဖြစ်သည်။

ဈေးဆိုင်အချို့အနက် အများအားဖြင့် ကိတ်မုန့်ဆိုင်များမှာဖွင့်ထားဆဲဖြစ်သော်လည်း ကုန်သည်များ၊ ဝယ် သူများဖြင့် စည်ကားခဲ့သော ဈေးများမှာ ယခုအခါ အများအားဖြင့် ဝယ်သူကင်းမဲ့နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly