ရဲစခန်းကို မီးပုလင်းဖြင့်ပစ်ရန်ကြိုးပမ်းသူ ၃ ဦး သေနတ်ဖြင့်ပစ်ခံရသော်လည်း လွတ်မြောက်

ရဲစခန်းကို မီးပုလင်းဖြင့်ပစ်ရန်ကြိုးပမ်းသူ ၃ ဦး သေနတ်ဖြင့်ပစ်ခံရသော်လည်း လွတ်မြောက်

စက်တင်ဘာ ၂၂

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ သပြေကုန်းရဲစခန်းအား စက်တင်ဘာ ၂၁ ရက် ညပိုင်းက မီးပုလင်းဖြင့်ပစ်ရန်လာသူ သုံးဦးကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများက သေနတ်ဖြင့်ဝိုင်းဝန်းပစ်ခတ်ခဲ့သော်လည်း ယင်းလူသုံးဦးမှာ ထွက်ပြေးလွတ်‌ေမြာက်သွားကြောင်း သိရသည်။

"ရဲစခန်းကို မီးပုလင်းနဲ့ပစ်ဖို့ ခြံစည်းရိုးကျော်တက်နေချိန်မှာ ကင်းကျနေတဲ့ရဲကတွေ့ပြီး အရင်ပစ်တာ ပြီးတော့မှ ရဲစခန်းထဲက ရဲတွေပါထွက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ရွာထဲက လူတွေပြောတာတော့ အချက်၂၀လောက်ပစ်တယ်လို့ ပြောတယ်"ဟု မြန်အောင် ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသည့် လူမှုကွန်ရက် သတင်းစာမျက်နှာများတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ "ငှက်ကြီးတောင်ဓား တစ်ချောင်း၊ အဝတ်စတပ် ဓာတ်ဆီပုလင်း သုံးလုံးနှင့် မီးခြစ် တစ်လုံးတို့ကို ဖမ်းမိခဲ့တယ်" ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ လူငယ် သုံးဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းကို ရဲနှင့်နီးစပ်သူများ၏ အတည်ပြုအရ သိရသည်။

"ရဲစခန်းကို မီးပုလင်းနဲ့ပစ်ဖို့ ခြံစည်းရိုးကျော်တက်နေချိန်မှာ ကင်းကျနေတဲ့ရဲကတွေ့ပြီး အရင်ပစ်တာ ပြီးတော့မှ ရဲစခန်းထဲက ရဲတွေပါထွက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ရွာထဲက လူတွေပြောတာတော့ အချက်နှစ်ဆယ်လောက်ပစ်တယ်လို့ ပြောတယ်"ဟု မြန်အောင် ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသည့် လူမှုကွန်ရက် သတင်းစာမျက်နှာများတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ "ငှက်ကြီးတောင်ဓား တစ်ချောင်း၊ အဝတ်စတပ် ဓာတ်ဆီပုလင်း သုံးလုံးနှင့် မီးခြစ် တစ်လုံးတို့ကို ဖမ်းမိခဲ့တယ်" ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ လူငယ် သုံးဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းကို ရဲနှင့်နီးစပ်သူများ၏ အတည်ပြုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly