ကျောက်ဆည်က Mytel တာဝါတိုင် ၂ခု မီးရှို့ဖျက်ဆီးခံရ

ကျောက်ဆည်က Mytel တာဝါတိုင် ၂ခု မီးရှို့ဖျက်ဆီးခံရ

စက်တင်ဘာ ၁၉

ကျောက်ဆည်နယ်ထဲရှိ Mytel တာဝါတိုင်နှစ်ခုကို စက်တင်ဘာ ၁၈ ရက်ညက မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်က ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ရွာပုလဲရွာအရှေ့ဘက်နှင့် သင်ပျိုရွာအနောက်ဘက်က Mytel တာဝါတိုင် နှစ်ခုကို ည ၇နာရီခန့်က တစ်ပြိုင်နက် မီးတင်ရှို့ခဲ့သည်ဟု ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ခေါင်းဆောင်က မဇ္ဈိမသို့ပြောသည်။

"ဗုံးခွဲရင် အသံကြောင့် လူတွေထိတ်လန့်မှာရယ်၊ တာဝါတိုင်က ရွာနေအိမ်တွေနဲ့နီးတာကြောင့် ရွာဘက်ကို လဲကျမှာစိုးရိမ်တာရယ်ကြောင့် အခုလိုမီးရှို့ဖျက်ဆီးလိုက်တာ" ဟု သူက ပြောသည်။

စက်တင်ဘာ ၁၄ရက်ကလည်း ကျောက်ဆည်မြို့အတွင်းက စစ်အုပ်စု၏ ဆက်သွယ်ရေးတပ် အဆရ (၃) သို့ ဆက်သွယ်ထားသည့် ဆက်သွယ်ရေးကြိုးများကို K.D.D.F က ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း K.D.D.F က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ပေါက်ကွဲသံကြားပါက မစူးစမ်းရန်၊ သွားရောက် မှတ်တမ်းယူခြင်း မပြုရန်လည်း K.D.D.F က သတိပေးထားသည်။

ယခုလ အစောပိုင်းကလည်း Dragon Kyaukse Defence Force အဖွဲ့က စစ်တပ်၏ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly