စက်တင်ဘာ ၁၈
ရန်ကုန်တိုင်း၊ သန်လျင်မြို့ မြဝတီဘဏ်အနီးရှိ ရဲကင်းတဲတွင် ယနေ့ စက်တင်ဘာ ၁၈ရက် ည ၇ နာရီ မိနစ်၅၀ ခန့်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံက သိရသည်။
မြဝတီဘဏ် အနီး၊ ဖို့မြေလမ်းမကြီး နှင့် ကောင်စီလမ်းထိပ် ရှိ ရဲကင်းတဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"အသံကတော်တော်ကျယ်တယ်ဗျ။ မြေကြီးပါတုန်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုအပြီး ထိုနေရာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာကာ စစ်ဆေးမှုများပြုလျက်ရှိပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သန်လျင်မြို့ခံများက ပြောသည်။