အိန္ဒိယ၏ ဒေလီမြို့တွင် ယခုနှစ် မုတ်သုံရာသီအတွင်း ရွာသွန်းသည့် မိုးရေချိန်ပမာဏက ၁၉၆၄ နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေ

By Zee5
18 September 2021
အိန္ဒိယ၏ ဒေလီမြို့တွင် ယခုနှစ် မုတ်သုံရာသီအတွင်း ရွာသွန်းသည့် မိုးရေချိန်ပမာဏက ၁၉၆၄ နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေ

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ယခုနှစ် မုတ်သုံရာသီအတွင်း စက်တင်ဘာ ၁၆ ရက်ညနေခင်းအထိ စံချိန်တင်မိုးရေချိန် ၁,၁၆၀ မီလီမီတာအထိ ရွာသွန်းထားခဲ့ကြောင်း သိရသည်။ ယင်းသည် ၁၉၆၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏ ဖြစ်သလို အိန္ဒိယ မိုးလေဝသဌာနက ဒေတာအချက်အလက်များ ထိန်းသိမ်းထားရှိပြီးနောက်ပိုင်း တတိယအမြင့်ဆုံး ပမာဏလည်း ဖြစ်သည်။

ဒေလီ၏ စက်တင်ဘာလ မိုးရေချိန်မှာ ၄၀၀ မီလီမီတာ အမှတ်ကို ကျော်ဖြတ်ခဲ့သည်။

စက်တင်ဘာ ၁၆ ရက် ညနေခင်းအထိ မိုးရေချိန်သည် ၄၀၄ ဒသမ ၄ မီလီမီတာ ရှိနေခြင်းနှင့်အတူ ယင်းသည် ၁၉၄၄ ခုနှစ်နောက်ပိုင်း လအလိုက် မှတ်တမ်းတင်ခဲ့သည့် အများဆုံး မိုးရေချိန် ဖြစ်သည်။

ဒေတာအချက်အလက်များကို နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဒေလီတွင် ၂၀၁၉ မုတ်သုံကာလတစ်ခုလုံးအတွင်းက မိုးရေချိန် ၄၀၄ မီလီမီတာ ရွာသွန်းထားခဲ့သည်။

လအတွင်း မြို့တွင် နောက်ထပ် မိုးရေချိန်ပမာဏများ ထပ်မံရွာသွန်းဦးမည်ဟု ခန့်မှန်းထားခြင်းနှင့်အတူ ကိန်းဂဏန်းများသည် ပြောင်းလဲဖြစ်ပေါ်နေဆဲဖြစ်သည်။

ယင်းသည် မုတ်သုံရာသီ ထွက်ခွာကုန်ဆုံးချိန်တွင် ဒုတိယမြောက် အစိုစွတ်ဆုံးနှင့် မိုးအကောင်းဆုံး မုတ်သုံရာသီ ဖြစ်လာရန် ရှိနေကြောင်း ပညာရှင်များက ပြောသည်။

နိုင်ငံတွင် မုတ်သုံရာသီ စဝင်သည့် ဇွန်လ ၁ ရက်နှင့် စက်တင်ဘာ ၁၅ ရက်အကြား ယင်းမြို့တွင် ပုံမှန်အားဖြင့် မိုးရေချိန် ၆၁၄ ဒသမ ၃ မီလီမီတာ ရရှိသည်။ မုတ်သုံရာသီသည် ဒေလီတွင် စက်တင်ဘာ ၂၅ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

သမိုင်းတလျောက် စံချိန်တင်မှတ်တမ်းက ၁၉၃၃ ခုနှစ်က မိုးရေချိန် ၁,၄၂၀ ဒသမ ၃ မီလီမီတာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly