ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဝေးလံခေါင်ဖျား ကျေးရွာ ၂၀၀၀ ကျော်တွင် မိုဘိုင်းစနစ် ဘဏ်ဝန်ဆောင်မှုများ ရရှိမည်

By India Blooms News Service
18 September 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဝေးလံခေါင်ဖျား ကျေးရွာ ၂၀၀၀ ကျော်တွင် မိုဘိုင်းစနစ် ဘဏ်ဝန်ဆောင်မှုများ ရရှိမည်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ကျေးရွာပေါင်း ၂၀၀၀ ကျော်တွင် မိုဘိုင်းစနစ် ဘဏ်ဝန်ဆောင်မှုများကို စက်တင်ဘာ ၁၅ ရက်က စတင်လိုက်သည်။

ဒုတိယအုပ်ချုပ်ရေးမှူး မန်နော့ဂ်ဆင်ဟာက DIGI-Pay ဘဏ် ဝန်ဆောင်မှုအစီအစဉ်ကို ဂျမူးနှင့် ကက်ရှ်မီးယား လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသအတွင်းရှိ Self Help Groups အဖွဲ့များမှ အမျိုးသမီး ၈၀ ကို DIGI-Pay ကိုယ်စားလှယ်များအဖြစ် ပထမအဆင့်တွင် ရွေးချယ်ခန့်အပ်ခဲ့သည်။

Krishi Sakhi နှင့် Pashu Sakhi ကဲ့သို့သော မိုဘိုင်းဘဏ် ဝန်ဆောင်မှုများသည် အမျိုးသမီးများအား စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် ပံ့ပိုးပေးရာတွင် ရေရှည်အကျိုးရှိစေလိမ့်မည်ဟု ဒုတိယ အုပ်ချုပ်ရေးမှူး မန်နော့ဂ်ဆင်ဟာက ပြောကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အထူးသဖြင့် ကျေးလက်ဒေသများမှ အမျိုးသမီးတို့၏ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေးအဖွဲ့က အစီအစဉ်သစ် အများအပြားကို လုပ်ဆောင်ပေးနေကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly