စက်တင်ဘာ ၁၇
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင် ပြည်နယ်သို့ မနက်ဖြန်မှစ၍ သွားရောက်လည်ပတ်မှု ပြုလုပ်ဖို့ရှိသည်။
စစ်အုပ်စုခေါင်းဆောင်၏ နှစ်ရက်တာ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိ သူများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များများနှင့်ပါတွေ့ဆုံမည်ဟုလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်နီးစပ်သူများကလည်း ပြောသည်။
မြစ်ကြီးနားမြို့တွင်းမှာတော့ စစ်ကောင်စီတပ်များ တပ်ဖြန့်လုံခြုံရေးရယူထား ကြောင်း ဒေသခံများက ပြောသည်။