မြန်မာ့ဒီမိုကရေစီ အလျင်အမြန်ဖော်ဆောင်ရန် အင်ဒို- ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကို အသုံးချမည်ဟု EU ဆို

မြန်မာ့ဒီမိုကရေစီ အလျင်အမြန်ဖော်ဆောင်ရန် အင်ဒို- ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကို အသုံးချမည်ဟု EU ဆို

စက်တင်ဘာ ၁၇

မြန်မာ့ဒီမိုကရေစီ အလျင်အမြန်ဖော်ဆောင်ရန် အင်ဒို- ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကို အသုံးချမည်ဟု ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။

အင်ဒို - ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာသစ်တစ်ရပ်ကို ယနေ့တွင် မိတ်ဆက်ချပြခဲ့ပြီးအရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေကြောင်း EU က ဆိုသည်။

အင်ဒို - ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အဓိကကျသော ဒေသတစ်ခု ဖြစ်လာသည်ဟု EU ကရှုမြင်သ ည်။

မဟာဗျူဟာသစ်သည် ၎င်းဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံဘေးကင်းမှု၊ ကြီးပွားချမ်းသာမှုနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဒီမိုကရေစီ အခြေခံမူများ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဖော်ဆောင်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်သည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

မဟာဗျူဟာကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီအလျင်အမြန်ပြန်လည်ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ ဆော်ဩတိုက်တွန်းရန် အခွင့်အလမ်းတစ်ရပ်အနေဖြင့်အသုံးချနိုင်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း EU က ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း၊ အာဏာသိမ်းမှုဖြစ်စဉ်သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် နှစ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ကြောင်း ဥရောပသမဂ္ဂက ပြောကြားထားသည်။

လွတ်လပ်မှုစံတန်ဖိုးများနှင့် လူ့အခွင့်အရေးအပေါ် အလေးထားမှုတို့ကို ကာကွယ်စောင့်ရှောက်ပြီး အဆိုပါရည်မှန်းချက်အား ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းမှန်သမျှကို ချိန်ရွယ်အသုံးပြုရန် ကြိုးပမ်းနေသူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိသည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly