ပါကစ္စတန်၏ လူ့အခွင့်အရေးချိုးဖောက်မှုများက ဥရောပသမဂ္ဂ၏ GSP+ ခံစားမှုများ ရုပ်သိမ်းခံရစေနိုင်

By Asian Lite
16 September 2021
ပါကစ္စတန်၏ လူ့အခွင့်အရေးချိုးဖောက်မှုများက ဥရောပသမဂ္ဂ၏ GSP+ ခံစားမှုများ ရုပ်သိမ်းခံရစေနိုင်

ပါကစ္စတန်တွင် လူ့အခွင့်အရေးနှင့် ဖိအားကြောင့် လူပျောက်ဆုံးမှုများအပေါ် စိုးရိမ်ကြောင်း ပါကစ္စတန်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး အန်ဒိုလာခမီနာရာက ၂၀၂၃ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးတော့မည့် GSP Plus ကုန်သွယ်ရေးအကျိုးခံစားခွင့်များ သက်တမ်းမတိုးမီ သတိပေး ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် လူ့အခွင့်အရေးကာကွယ်ရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် အတင်းအဓမ္မပျောက်ဆုံးမှုများသည် ဥရောပသမဂ္ဂ၏ အဓိက စိုးရိမ်ပူပန်မှုများဖြစ်ကြောင်းလည်း အန်ဒိုလာခမီနာရာက ပြောကြားသည်ဟု Geo News က ဖော်ပြသည်။

GSP+ သည် GSP အစီအစဉ်၏ အထူးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး GSP မှ အကျိုးခံစားခွင့်ရနေသော ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ထပ်ဆောင်း ကုန်သွယ်ရေးမက်လုံးများပေးအပ်ခြင်းဖြစ်သည်။

အစ္စလာမ်မာဘတ်မြို့တွင် ပထမဆုံးသော အသေးစားအလတ်စားလုပ်ငန်းများအတွက် ဥရောပသမဂ္ဂ-ပါကစ္စတန် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သံအမတ်ကြီးက ကုလသမဂ္ဂ သဘောတူညီချက် ၂၇ ချက်နှင့် ပတ်သက်ပြီး ပါကစ္စတန်၏ တိုးတက်မှုများကို တိုင်းတာသည့် အစီရင်ခံစာ သည် လက်ရှိတွင်ပြင်ဆင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပါကစ္စတန်နှင့် အခြားနိုင်ငံများအတွက် GSP Plus (GSP+) လက်ရှိ အစီအစဉ်သည် ၂၀၂၃ ခုနှစ်နှစ်ကုန်တွင်သက်တမ်းကုန်မည်ဖြစ်သည်။

ပါကစ္စတန်အပါအဝင် GSP အကျိုးခံစားခွင့် ရရှိသည့်နိုင်ငံအားလုံးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာထက် ကျော်လွန်ပြီး သက်တမ်း တိုးချင်ပါက GSP Plus ရရှိရန်အတွက် ပြန်လည် သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်သည်။

“သဘောတူညီချက် ၂၇ ချက်နှင့် ဖြည့်စွက်ချက်အနည်းငယ်က သက်တမ်းတိုးရန် လိုအပ်သည့် သတ်မှတ်ချက်များဖြစ်ပြီး ပါကစ္စတန်အပါအဝင် GSP ရရှိသည့်နိုင်ငံအားလုံးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ထက်ကျော်လွန်ပြီး သက်တမ်း တိုးချင်ပါက GSP Plus ရရှိရန်အတွက် ပြန်လည် သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်သည်” ဟု သူမက ထပ်မံ ပြောကြားခဲ့သည်။

ကုလသမဂ္ဂသဘောတူညီချက် ၂၇ ချက်တွင် ပါကစ္စတန်၏ တိုးတက်မှုကို တိုင်းတာရန် စည်းကမ်းလိုက်နာမှုအစီရင်ခံစာကို ပြင်ဆင်နေသည်ဟု Geo News က ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ တိုးတက်မှုနှင့် လိုက်နာမှုပေါ်မူတည်၍ သက်တမ်းထပ်တိုးသင့်၊ မသင့်ကို ဆုံးဖြတ် လိမ့်မည်ဟု ဥရောပသမဂ္ဂ သံအမတ်ကြီးက ပြောကြားခဲ့သည်။

ပါကစ္စတန်အားပေးအပ်ထားသော GSP+ အဆင့်အတန်းသက်တမ်းတိုးရန် ပါကစ္စတန်အနေဖြင့် နိုင်ငံတကာသဘောတူညီချက် ၂၇ ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုကို ပြသရန်လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly