တာ၀ ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

တာ၀ ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ၊ မြို့ပြကွက်သစ် (တာဝ)မှ စစ်အုပ်စုခန့် ရာအိမ်မှူး ဦးအုန်းလွင်သည် သေနတ်ဖြင့် လေးချက်အပစ်ခံရကာ သေဆုံးကြောင်းသိရသည်။

ယနေ့ စက်တင်ဘာ ၁၆ရက် နံနက် ၈ နာရီကျော်က အသက် ၅၈ နှစ်အရွယ် ဦးအုန်းလွင်သည် ကညင်ပင်ဘုန်ကြီးကျောင်းဘေး လမ်းမကြီးတွင် လမ်းလျှောက်နေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“အသံ ကြားတာလေးချက်။ ဗိုက်မှာတော့ သွေးတွေ တွေ့တယ်။ အသံကြားလို့ထွက်ကြည့်ကြတာ။ ထွက်ကြည့်တော့ အပင်အောက်လေးမှာ လဲနေတာ ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

မြို့ပြကွက်သစ်အတွင်း လုပ်ကြံခံရသူ ရာအိမ်မှူး၏ ဆွေမျိုးမကင်းသူအများစုဖြစ်ပြီး " သူသည် ငွေတောင်းတာကြမ်း" သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly