တရုတ်စစ်လေယာဉ်က ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ ၇ ရက်မြောက်အဖြစ် ဆက်တိုက် ကျူးကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ်က ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ ၇ ရက်မြောက်အဖြစ် ဆက်တိုက် ကျူးကျော်ဝင်ရောက်

တရုတ်လွတ်မြောက်ရေးစစ်တပ်၏ နောက်ထပ် ကျူးကျော်ဝင်ရောက်မှု တစ်ခုအဖြစ် တရုတ် စစ်လေယာဉ်တစ်စင်းသည် ထိုင်ဝမ် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက်ခဲ့သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေးစစ်တပ်၏ လေတပ်ဖွဲ့ (PLAAF) ၏ ရေငုပ်သင်္ဘောဖျက် လက်နက်တပ်ဆင်ထား သော Shaanxi Y-8 လေယာဉ်သည် ထိုင်ဝမ်၏ အနောက်တောင်ဘက်ထောင့်ရှိ ADIZ

အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဝင်ရောက်မှုကြောင့် ထိုင်ဝမ်က လေယာဉ်တစ်စင်း ပျံတက်ကာ ရေဒီယိုဖြင့် သတိပေးချက်များ လုပ်ဆောင်ခဲ့သလို လေကြောင်းကာကွယ်ရေးစနစ်ဖြင့်လည်း ခြေရာခံစောင့်ကြည့်ခဲ့သည်ဟု Taiwan News တွင် ဖော်ပြထားသည်။ စက်တင်ဘာ ၉ ရက်က ယခုကဲ့သို ဝင်ရောက်ခဲ့ခြင်းသည် ၇ ရက်မြောက်အဖြစ် ဆက်တိုက် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလမှစတင်၍ တရုတ်အစိုးရကသည် ၎င်း၏ အညိုရောင်ဇုန်နည်းဗျူဟာများကို တိုးမြှင့် လုပ်ဆောင်ခဲ့ရာတွင် ထိုင်ဝမ်၏ ADIZ အတွင်းသို့ လေယာဉ်များ ပုံမှန်ဝင်ရောက်ခဲ့ရာတွင် ယင်းနယ်မြေ၏ အနောက်တောင်ထောင့်သို့ အနိမ့်ပျံ တာဘိုလေယာဉ်များ ၁ စင်းမှ ၃ စင်းအထိ ပါဝင်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်နှင့် ပြန်လည်ပူးပေါင်းရေးကို ပြီးစီးအောင် လုပ်ဆောင်ရန် ကတိပြုခဲ့သလို တရားဝင် လွတ်လပ်သည့် ကျွန်းဖြစ်စေရန် အားထုတ်မှု မှန်သမျှကို ချေမှုန်းသွားမည်ဟု ဆုံးဖြတ်ထားကြောင်း ဇွန် ၁ ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly