တရုတ်တပ်များ မွန်ဂိုလီးယားဒေသအတွင်းပိုင်းတွင် စစ်ရေးလေ့ကျင့်

By Wionews
14 September 2021
တရုတ်တပ်များ မွန်ဂိုလီးယားဒေသအတွင်းပိုင်းတွင် စစ်ရေးလေ့ကျင့်

တရုတ်တပ်များသည် ကျူရီဟီလေ့ကျင့်ရေးစခန်းတွင် စစ်ရေး လေ့ကျင့်ခန်းတစ်ခုပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ပေကျင်း၊ တိဘက်၊ ရှင်ကျန်းတို့နှင့် ဆက်စပ်နေသော တပ်များသည် မွန်ဂိုလီးယားအတွင်းပိုင်းရှိ ကျူရီဟီတွင် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။

ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (PLA) ၏ တိဘက်စစ်ဌာနချုပ်သည် တိဘက်ကုန်းပြင်မြင့်ဒေသတွင် စစ်ရေးလေ့ကျင့်မှုတစ်ခုကို သြဂုတ်လက ပြုလုပ်ခဲ့သည်။

PLA တိဘက် စစ်ဌာနချုပ်နှင့် ဆက်နွှယ်နေသော အနည်းဆုံး တပ်မဟာနှင့် တပ်ရင်း ၁၀ခု သည် မီတာ ၄,၅၀ဝ မြင့်သော ဒေသတွင် Snowfield Duty-2021 အမည်ဖြင့် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်ဒုသမ္မတ ကမ်မလာ ဟဲရစ် သြဂုတ်လက စင်္ကာပူသို့ လာရောက်စဉ်အတွင်း တရုတ်က အကျပ်ကိုင် ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင် ကိုယ်ပိုင် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထိန်းသိမ်းရန်အတွက် အကူအညီပေးသည့်အနေဖြင့် အမေရိကန်အစိုးရသည် ဒေါ်လာ ၇၅၀ သန်းတန်ဖိုးရှိသည့် ၄၀ ဟောင်ဝက်ဇာ အမြောက်လက်နက်စနစ်ကို ထိုင်ဝမ်သို့ ဒေါ်လာ ၇၅၀နှင့် ရောင်းချရန်အစောပိုင်းတွင်သဘောတူညီခဲ့သည်။

“ တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့မှု၊ ရန်စမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အစိုးရက ပြည်သူတွေရဲ့အသက်တွေ၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရက်တစ် လူနေမှုဘဝတွေကို ကာကွယ်ဖို့ မယိမ်းယိုင်တဲ့သန္နိဌာန်နဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကိုမြှင့်တင်ရပါလိမ့်မယ်” ဟု အမေရိကန်က ဆိုခဲ့သည်။

တရုတ်ဂျက်တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များ ဆက်လက်ကျူးကျော်မှုများပြုလုပ်နေကြောင်း ထိုင်ဝမ်က ထပ်တလဲလဲ ကန့်ကွက်မှုများ ပြုလုပ်နေချိန်တွင်လွန်ခဲ့သောရက်အနည်းငယ်က တရုတ်ဂျက်တိုက်လေယာဉ်များသည် ထိုင်ဝမ်၏ လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့သည် အကြိမ်ကြိမ် အငြင်းပွားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required