တီအန်မင်အထိမ်းအမှတ်နေ့ကျင်းပခဲ့သည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ၏ အာမခံ ငြင်းပယ်ခံရ

တီအန်မင်အထိမ်းအမှတ်နေ့ကျင်းပခဲ့သည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ၏ အာမခံ ငြင်းပယ်ခံရ

၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော် တီအန်မင်ရင်ပြင်ဆန္ဒပြပွဲတွင် သွေးထွက်သံယိုနှိမ်နင်းမှုကြောင့် သေဆုံးသွားခဲ့သူများကို အမှတ်ရသည့်အနေဖြင့် ဇွန်လ ၄ ရက်နေ့တိုင်းနှစ်စဉ်ကျင်းပနေလေ့ရှိသည့် လူထုစုဝေးပွဲကို ဟောင်ကောင်တွင် ကျင်းပရန် စည်းရုံးမှုဖြင့် ဒီမိုကရေစီထောက်ခံသူများအဖွဲ့၏ ဒုတိယဥက္ကဌအား အာမခံပေးရန် ဟောင်ကောင်တရားရုံးက စက်တင်ဘာ ၁၀ရက်တွင် ငြင်းဆိုလိုက်သည်။

အသက် ၃၆နှစ်အရွယ် ချိုဟန်တန်နှင့် တရုတ်ပြည်မျိုးချစ်ဒီမိုကရက်တစ်လှုပ်ရှားမှုများကို ထောက်ခံသော ဟောင်ကောင်မဟာမိတ်အဖွဲ့ဝင်များသည် အဖွဲ့ဝင်များစာရင်း၊ ဘဏ္ဍာရေးနှင့် လှုပ်ရှားမှုများအကြောင်းကို ရဲကို ထုတ်ပြန်ပေးရန်ငြင်းဆိုခဲ့မှုကြောင့် အမျိုးသားလုံခြုံရေးဥပဒေအရ ယခုသီတင်းပတ်အတွင်းဖမ်းဆီးခံခဲ့ရသည်။

အားလုံးက အပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြသည်။

"ကျွန်တော်က နိုင်ငံခြားတိုင်းပြည်ရဲ့ သူလျှိုမဟုတ်ဘူး။ ကျွန်တော့်မှာအပြစ်မရှိဘူးလို့ လျှောက်ထားပါတယ်" ဟု မဟာမိတ်အဖွဲ့ဝင် တန်နော့ခ်ကွမ်က တရားရုံးတွင် လျှောက်ထားခဲ့သည်။

ကွန်လုံအနောက်ပိုင်းတရားရုံး တရားသူကြီး ပီတာလောက ၎င်းတို့၏ အာမခံတောင်းဆိုမှုကိုငြင်းပယ်ခဲ့ပြီး အာဏာပိုင်များက တောင်းဆိုထားသော အချက်အလက်များ မတင်ပြခြင်းကြောင့် ဥပဒေချိုးဖောက်ရာ ရောက်သည်ဟု ဆိုသည်။

ဟောင်ကောင်ဥပဒေများက လတ်တလော အာမခံကြားနာမှုများ၏ တင်ပြချက်ကို တားမြစ်လေ့ရှိသည်။ တရားစီရင်ရေး၏ အကျိုးစီးပွားနှင့် ပွင့်လင်းမြင်သာမှုတို့အတွက် ယင်းကန့်သတ်ချက်များကို တရားသူကြီး ပီတာလောက ရုတ်သိမ်းပေးခဲ့သည်။

တရုတ်ပြည်မကြီးက တီအန်မင် အထိမ်းအမှတ်ပွဲများကို တားမြစ်ပိတ်ပင်ထားပြီး ယင်းအကြောင်းအရာကို သတင်းများတွင် မဖော်ပြရန် ဆင်ဆာဖြတ်လေ့ရှိသည်။

ချိုဟန်တန်နှင့် သူမ၏ များသည် အာဏာပိုင်များ တောင်းဆိုသော သတင်းအချက်အလက်များပေးရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။

မဟာမိတ်အဖွဲ့ကိုလည်း အဖွဲ့အစည်းတစ်ခုအဖြစ် အလားတူ စွဲချက်တင်ခဲ့သည်။ အမျိုးသားလုံခြုံရေးဌာန၏ ရဲများသည် အဖွဲ့ပိုင်ဆိုင်သော ဟောင်ကောင်ဒေါ်လာ ၂ ဒသမ၂ သန်း (အမေရိကန် ဒေါ်လာ ၂၈၃၀ဝဝ) ကို ထိန်းချုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly