မှ စည်ပင်ဝန်ထမ်းတစ်ဦး(အယ်ဒီတာထံပေးစာ)

မှ စည်ပင်ဝန်ထမ်းတစ်ဦး(အယ်ဒီတာထံပေးစာ)

စက်တင်ဘာ ၁၁

စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို အတင်းအဓမ္မ လုယူပြီးကတည်းက ပြည်သူအများဟာ အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြကြပါတယ်။ အဲဒီအထဲမှာ စစ်ကောင်စီရဲ့ အာဏာတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတဲ့ ဝင်ငွေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ အခွန်ပေးဆောင်ခြင်း လုပ်ငန်းစဉ်ကို ဆန့်ကျင်ကြတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အခွန်မဆောင်ရေး လှုံ့ဆော်တဲ့ ကမ်းပိန်းတွေ ပြုလုပ်ကြသလို အခွန်မဆောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကိုလည်း ပြည်သူတွေ အတူလက်တွဲရင်ဆိုင်ကြမယ်ဆိုတဲ့ အသံတွေလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေကြားမှာ ပဲလှော်ကြားဆားညှပ်နေကြရတာတော့ ကျွန်မတို့ စည်ပင်သာယာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် စည်ပင်သာယာရေးဝန်ထမ်းတွေ လိုက်လံကောက်ခံရတဲ့ အခွန်အမျိုးအစားကလည်း များစွာရှိလို့ပါ။

စည်ပင်နဲ့ သက်ဆိုင်တဲ့အခွန်တွေက အိမ်ဆိုင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ရေခွန်၊ လုပ်ငန်းလိုင်စင်ခွန်၊ အိမ်ခွန်၊ မြေခွန်၊ သန့်ရှင်းရေးခွန်၊ အမှိုက်ခွန်၊ စားလုပ်ငန်းခွန်၊ တည်းခိုခန်းအခွန်များတွေဖြစ်ပါတယ်။

ရုံးပိတ်ရက်ဖြစ်တာတောင်မှ အာဏာသိမ်းစစ်ကောင်စီက စည်ပင်သာယာရေးဝန်ထမ်းတွေကို စေလွှတ်ပြီး အခွန်အခတွေ အတင်းအကျပ်ကောက်ခိုင်းနေပါတယ်။ သွားကောက်တဲ့ ဝန်ထမ်းတွေဟာ အဆဲအဆိုသာ ခံရပြီး အခွန်ပေးတဲ့သူက ဦးရေနည်းနည်းပဲရှိပါတယ်။ အများစုက မပေးကြပါဘူး။

အဲဒါကြောင့် စည်ပင်ဝန်ထမ်းအများအပြားက အခွန်ထွက်မကောက်ရဖို့အထက်လူကြီးတွေကို အကြောင်းအမျိုးမျိုးပြပြီး ရှောင်တိမ်းနေရပါတယ်။အများစုကလည်း စည်ပင်ဝန်ထမ်းအလုပ်ကနေ ထွက်ချင်နေကြပါပြီ။ ဒါပေမဲ့လည်း အစစအရာရာ ကြပ်တည်းတဲ့ ဒီကာလကြီးမှာ စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်ထွက်လိုက်ဖို့ကိုလည်း တော်တော်တွေဝေမိနေပါတယ်။ အခုတော့ ကျွန်မအပါအဝင် စည်ပင်ဝန်ထမ်းအများစုဟာ ဘေးကျပ်နံကျပ် အခြေအနေရောက်နေရပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly