နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ စက်တင်ဘာ ၂၀၂၁)
(Photo : : CJ - စက်တင်ဘာလ ၁၁ ရက်၊ မန္တလေးမြို့ ရတနာပုံကျောင်းသား/သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စစ်ကောင်စီ

·       အာဏာသိမ်းစစ်ကောင်စီကလည်း အောင်ဘာလေထီကို မြေပြင်တွင် ထီလက်မှတ်ဖြင့် ရောင်းမကောင်း သည့်အတွက် အွန်လိုင်းပေါ်ကနေ ရောင်းချနိုင်ရန် နည်းပညာလိုအပ်နေမှုကြောင့် နည်းပညာပိုင်း ပံ့ပိုးပေး လိုသည့် ကုမ္ပဏီ/အဖွဲ့ အစည်းများကို  ရှာဖွေသည့် ကြေညာစာကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာ တွင်ဖော်ပြ ထားသည်။

·       နှစ်၁၀၀ ကျော်အတွေ့အကြုံရှိပြီဖြစ်၍ မီးရထားလုပ်ငန်းသည် မီးရထားစက်ခေါင်းများနှင့် လူစီးတွဲ ကုန်တင်တွဲ များကို ပြည်တွင်းဖြစ်တည်ဆောင်နိုင်ရမည် ဖြစ်ကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နေပြည်တော် မီးရထား စက်ခေါင်းသစ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် စစ်ဆေးစဉ် ပြောဆိုသည်။

·       မြန်မာနိုင်ငံမှ အလှည့်ကျသဘာပတိ ပြုလုပ်သည့် ကမ္ဘောဒီယား လာအို ဗီယက်နမ် မြန်မာ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာပြီးဆုံးခဲ့ပြီဟု စစ်ကောင်စီ ဝါဒဖြန် သတင်းစာတွင် ဖော်ပြထားသည်။

·       စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ- ကိုရီးယား ခရီးသွား လုပ်ငန်း ဆွေးနွေးပွဲ (Seminar on ASEAN-Korea Tourism 2021)ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်နေမှုကို ကြည့်ရှုအားပေးကြောင်း စကစ သတင်းတွင်ဖော်ပြထားသည်။

·       တရုတ် ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် စက်တင်ဘာ ၁၀ မှ ၁၃ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက်ကြောင်း စကစ သတင်းတွင်ဖော်ပြထားသည်။

·       နိုင်ငံ့ဝန်ထမ်းများကို ထုတ်ချေးပေးထားသည့် (၂) လစာ အတိုးမဲ့ချေးငွေများအား ၂၀၂၁-၂၀၂၂ အောက်တို ဘာလ (၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပေးသွင်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စက်တင်ဘာ လ ၉ ရက်နေ့တွင် သက်ဆိုင်ရာဌာနအသီးသီးထံ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       ပြည်သူ့ခုခံစစ် (People’s Defensive War) ကို ဆင်နွှဲလျက်ရှိရာ၊ သတင်းအချက်အလက်များအရ (၉.၉.၂၀၂၁) ရက်နေ့တွင် ရန်သူ့စစ်ရေးပစ်မှတ် - ၁၇ နေရာ၊ အုပ်ချုပ်ရေးပစ်မှတ် - ၉ နေရာ၊ စီးပွားရေးပစ်မှတ် - ၅ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့ပြီးငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက် လျက်ရှိကြောင်း NUG မှ ထုတ်ပြန်ထားသည်။

·       ကွန်မြူနစ်ပါတီ(တရုတ်) နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ “နိုင်ငံရေး ပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်နေ့ တွင် Virtual Meeting ပြုလုပ်ခဲ့ရာ NLD ပါတီမှ ဦးဘိုဘိုဦး တက်ရောက်ခဲ့သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       ရေးမြို့နယ် မြို့မရဲစခန်းကို စက်တင်ဘာလ ၁၀ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်ခန့်မှာ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YPDFနဲ့ ကာကွယ်ရေး အထူးတပ်ဖွဲ့ YSTF တို့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ YPDFက သူတို့ရဲ့ လူမှုကွန်ရက်စာ မျက်နှာ ကနေတဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

·       မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂတွင် NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရွာလယ်တောင်ဘက်ပိုင်းရှိ မိုင်တဲတာဝါတိုင်တစ်ခု စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲခံရကြောင်း သိရသည်။

·       မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းသာရ ဘုရားအနီးတွင် စက်တင်ဘာ ၁၁ရက်၊ နံနက်ပိုင်းက ချီတက်ဆန္ဒပြ နေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ အဖွဲ့က ကားနှင့်တိုက်ကာ ဖြိုခွင်းရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

·       မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ၏ အိမ်တစ်လုံးအား ကျောက်ဆည် DKDF ပြည်သူ့လွတ်လပ်ရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဗုံးပစ်သွင်းဖောက်ခွဲခဲ့ကြောင်း သတင်းရရှိသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ရတနာပုံတက္ကသိုလ် ကျာင်းသား/သူများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂတွင် NUG အစိုးရအား တရားဝင် အသိအမှတ်ပြုရေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြသည်။

·       မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ တော်လှန်တက်ကြွ ကျောင်းသားပြည်သူများသည် စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် UN Accept NUG, Reject Military စသောစာသားများကိုင်ဆွဲကာ အမျိုးသား ညီညွတ်ရေး အစိုးရ အား ထောက်ခံရေး၊ စစ်အာဏာရှင်အား ဆန့်ကျင်ဖြုတ်ချရေး ကြွေးကြော် ဆန္ဒပြကြသည်။

·       မန္တလေးတွင် မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်း၊ စက်မှူသပိတ် စစ်ကြောင်း၊ အ.လ.က (၁၂) ထခွဲ အခြေခံကျောင်းသားများ သပိတ်စစ်ကြောင်းနှင့် မန္တလေးမြို့ အခြေစိုက် လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်း ကာ ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       အရာတော်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး မြောက်လက်ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့က ဗကသများ အဖွဲ့ချုပ် ဦးဆောင်ကာ " လက်နက်ကိုင် တော်လှန်ရေး အလံတော်အောက်မှာ လူထုအားလုံးစုစည်းကြ" ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့နယ်ရှိ တော်လှန် ကျောင်းသားပြည်သူများသည် စက်တင်ဘာလ ၁၁ ရက် နံနက်တွင် ပြောက်ကျားသပိတ်ပြုလုပ်ကာ အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံကြိုဆိုရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ဆန္ဒပြကြသည်။

·       မန္တလေးတွင် အကြမ်းဖက် ဖက်စစ် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းနှင့် အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းများ ပူးပေါင်းချီတက်ကာ စက်တင်ဘာလ ၁၁ ရက် ယနေ့နံနက်တွင် ကြွေးကြော်ဆန္ဒပြကြသည်။

·       မန္တလေးတွင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ မြတောင်သပိတ်စစ်ကြောင်း၊ အရမ်းညီတဲ့ချမ်းစည် သပိတ်စစ်ကြောင်း တို့ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့တွင် ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် လူငယ်များ ဦးဆောင်ကာ ယနေ့စက်တင်ဘာလ ၁၁ရက်နေ့ နံနက်ပိုင်းက ၆၂ လမ်း စည်ပင်သာယာ ရုံးထောင့်ရှိ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ်များ ကာရံထားသည့် သံဆူးကြိုးဂိတ်အားယူဆောင်ကာ လမ်းဆုံအလယ်တွင် "သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး" စာတန်းဖြင့် ကြေငြာစာကပ်ခဲ့ကြောင်း သိရသည်။

·       မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်တွင် စက်တင်ဘာလ ၁ဝ ရက်နေ့ ည ၁၁ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ၂ဝခန့်က သေနတ်များ ပစ်ဖောက်ကာ လူငယ် ၃ဦးကို ဖမ်းဆီးသွား ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·       နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊မောင်းရမ်းကျေးရွာအုပ်စု၊မောင်းရမ်းကျေးရွာမှ စစ်တပ်သတင်းပေးဟု စွပ်စွဲခံထားရသူ ခင်မာဌေးကို စက် တင်ဘာ ၁၀ရက်နေ့ ညပိုင်း ၎င်း၏နေအိမ်တွင် နေပြည်တော် တပ်ခွဲ(၅)နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်း သတ်ဖြတ်လိုက်သည်ဟု သိရှိရသည်။

·       ဖမ်းဆီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ ကရင်နီပြည်နယ် စံပြ ၆မိုင်ဘက်မှ လူငယ်များဖြစ်ကြောင်း ၎င်းတို့ကို သိရှိသူ ကရင်နီဒေသခံ တစ်ဦးက အတည်ပြုသည်။

·       ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၃၆ တပ်ရင်းအား ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှာ ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတပ်ရင်း အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly