ကန်ပက်လက်တွင် CDF (ကန်ပက်လက်)နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်နေ

ကန်ပက်လက်တွင် CDF (ကန်ပက်လက်)နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်နေ

ကန်ပက်လက် စက်တင်ဘာလ ၁၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဆေးရုံအောက်ဖက်နှင့် အရှေ့ဘက်ခြမ်းဘောလုံးကွင်းအနီးတွင် CDF (ကန်ပက်လက်)နှင့်စစ်ကောင်စီတပ်များ ယနေ့ည ၇နာရီ ကျော်အချိန်မှစ၍ လက်ရှိအချိန်ထိ ပစ်ခတ်နေကြသည်ဟု သိရသည်။

ယနေ့ ညနေ ၅နာရီ ၄၅ မိနစ်အချိန်က အမှတ်(၁)ရပ်ကွက်၊ နတလကျောင်းအနီးတွင် အသက်၄၇ နှစ်အရွယ်အမျိုးသားတစ်ဦးအိမ်ရှေ့တွင်ဖုန်းထိုင်ပြောနေစဉ် သေနတ်ဖြင့်ပစ်ခံရပြီးကန်ပက်လက်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားရသည်ဟုလည်းသိရသည်။

''လက်နက်ကြီး ပစ်ခတ်သံတွေလည်းကြားရတယ် ။သေနတ်သံတွေလည်း ကြားရတယ်။ ည ၇နာရီကျော်ထဲကပစ်နေကြတာ အခုထိပစ်ခတ်နေတုန်းပဲ။တချို့တွေလည်းအပြင်ထွက်မရဘဲပိတ်မိနေကြတဲ့သူတွေလည်းရှိကြတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

CDF (ကန်ပက်လက်)အဖွဲ့မှလည်း ကန်ပက်လက်မြို့နယ်အတွင်းရှိယာဥ်များ(မည်သည့်ယာဥ်မဆို)သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)သို့ အကြောင်းကြားခြင်းမရှိဘဲ သွားလာပါက လုံခြုံရေးအာမခံမည်မဟုတ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly