အိန္ဒိယနိုင်ငံ ဆရီနဂါမြို့တွင် ကြွပ်ကြွပ်အိတ် ကင်းစင်တော့မည်

By Daily Sikh
10 September 2021
အိန္ဒိယနိုင်ငံ ဆရီနဂါမြို့တွင် ကြွပ်ကြွပ်အိတ် ကင်းစင်တော့မည်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြို့တွင် ကြွပ်ကြွပ်အိတ် ကင်းစင်သည့် နယ်မြေဖြစ်စေရေး ပညာပေးလှုံ့ဆော်မှုအတွက် ဂီတဖျော်ဖြေပွဲတစ်ခုကို ကျင်းပခဲ့သည်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို ဆရီနဂါစည်ပင်သာယာရေးအဖွဲ့ (SMC) က အဖြူရောင်ကမ္ဘာ အင်န်ဂျီအိုအဖွဲ့အစည်း နှင့် ပူးပေါင်းကာ ရှာအီကက်ရှ်မီးယားပန်းခြံအတွင်း ‘ကြွပ်ကြွပ်အိတ် ကင်းစင်သည့် ဆရီနဂါမြို့ ဖြစ်စေရေးအတွက် ဂီတတိုက်ပွဲ’ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဂျမူးနှင့် ကက်ရှ်မီးယား ဒုတိယအုပ်ချုပ်ရေးမှူး မန်ဂျော့ ဆင်ဟာနှင့် ဆရီနဂါခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဆင်ဟာက “ကြွပ်ကြွပ်အိတ် တားမြစ်သည့် ပညာပေးလှုံ့ဆော်မှုနှင့် လူငယ်တို့သည် အရည်အသွေးတို့ကို မြှင့်တင်ပေးရေးအတွက် ဒီပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်။ တစ်ခါသုံး ပလတ်စတစ်နဲ့ ကြွပ်ကြွပ်အိတ်တွေကို ဆရီနဂါမှာအသုံးမပြုဖို့ တားမြစ်ထားပြီးဖြစ်ကာ ဒီအစီအစဉ် အောင်မြင်ဖို့ဆိုတာ ဒေသခံများက မိမိနဲ့ မိမိတို့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပါတယ်” ဟု ပြောကြားသည်။

ပွဲစီစဉ်ကျင်းပသူတစ်ဦးဖြစ်သည့် ရှိတ်ခ်ဆာဘာကလည်း “အစိုးရနဲ့လက်တွဲပြီး ဒီအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါတယ်။ ကြွပ်ကြွပ်အိတ်တွေက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေတယ်ဆိုတာ အသိပေးလှုံ့ဆော်ဖို့နဲ့ လူငယ်တွေရဲ့ အရည်အချင်းတွေ ကျွမ်းကျင်မှုတွေကို ပြသပြီး ဒေသရဲ့ ဂီတကဏ္ဍကို မြှင့်တင်ချင်လို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကက်ရှ်မီးယားဒေသ၏ တီးဝိုင်းများ ၊ ဂီတသမားများ၊ ရိုးရာသီချင်း အဆိုတော်များက ဖျော်ဖြေပွဲတွင် ပါဝင်ကာ ကျေးလက်သီချင်း၊ ဘောလိဝုဒ်သီချင်းများနှင့် အခြားသီချင်းအမျိုးအစားများကိုလည်း သီဆိုခဲ့ကြကာ ကြွပ်ကြွပ်အိမ်များ၏ ဆိုးကျိုးများကိုလည်း တင်ဆင်ခဲ့ကြသည်။

နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်သည့် ဝီဘာဆာရက်ဖ်က “ ဒေသရဲ့ ဂီတကဏ္ဍကို မြှင့်တင်ပေးတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။ ဒီလိုပွဲတွေဟာ လူငယ်တွေရဲ့ သင်ယူမှုအတွက် အထောက်အပံ့ဖြစ်သလို သူတို့ရဲ့ ကျွမ်းကျင်မှုတွေကိုလည်း တိုးတက်စေနို်ငတာကြောင့် လူထုရဲ့ အရည်အသွေးရော အသိဉာဏ်ကိုရော မြှင့်တင်ပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ပိုမိုဂရုစိုက်သင့်သလို ကြွပ်ကြွပ်အိတ်တွေကိုလည်း အသုံးမပြုသင့်ပါဘူး”ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly