တပ်ဒုဗိုလ် သေနတ်သန့်ရှင်း‌ရေး(ကျည်ရှင်း)လုပ်ရာမှ နယ်ထိန်းရဲ ကျည်ထိမှန်သေဆုံး

တပ်ဒုဗိုလ် သေနတ်သန့်ရှင်း‌ရေး(ကျည်ရှင်း)လုပ်ရာမှ နယ်ထိန်းရဲ ကျည်ထိမှန်သေဆုံး

စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ကျောက်အိုင်ကျေးရွာတွင် စက်တင်ဘာ ၉ ရက် နေ့လယ်၁နာရီဝန်းကျင်က ဒုတပ်ကြပ်နယ်ထိန်းရဲတစ်ဦးသည် တပ်- ဒုဗိုလ်တစ်ဦး သေနတ်သန့်ရှင်းရေး (ကျည်ရှင်း)လုပ်ရာမှ ထွက်လာသည့် ကျည်ဆန် ထိမှန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဒုဗိုလ်က ကျည်ရှင်းနေရာကနေ နယ်ထိန်းရဲတစ်ဦးကိုထိမှန်သွားတာ သူ့ကိုသယ်လာတာတော့ တွေ့တယ်”ဟု နယ်မြေခံတစ်ဦးကပြောသည်။

သေနတ်ထိမှန်ခဲ့သူကို သာယာဝတီဆေးရုံကိုပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။

တပ်ဒုဗိုလ်သည် ခလရ၃၅မှ ဖြစ်ပြီး သေဆုံးသူမှာ လက်ပံတန်းမြို့နယ် မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ဒုတပ်ကြပ်တစ်ဦးဖြစ်ကြောင်းသိရသည်။

အတည်မပြုနိုင်သေးသည့် သတင်းအရ တပ်-ဒုဗိုလ်နှင့် ရဲ-ဒုတပ်ကြပ်တို့ စကားအချေ အတင်များရာမှ တပ်-ဒုဗိုလ်က ပစ်သတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဇျိမမှ သီးခြားအတည်မပြုနိုင်သေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly