တရုတ်လေယာဉ် ၁၉ စင်း လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်လာသောကြောင့် ထိုင်ဝမ်က ဂျက်လေယာဉ်များ စေလွှတ်

တရုတ်လေယာဉ် ၁၉ စင်း လေကြောင်းကာကွယ်ရေးဇုန်အတွင်း ဝင်ရောက်လာသောကြောင့် ထိုင်ဝမ်က ဂျက်လေယာဉ်များ စေလွှတ်

တရုတ်လေယာဉ် ၁၉ စင်းနီးပါး လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်း ဝင်ရောက်ပြီး မကြာမီပင် ထိုင်ဝမ်ကလည်း ၎င်း၏ ဂျက်လေယာဉ်များကို စက်တင်ဘာ ၅ ရက်က စေလွှတ်လိုက်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါနေ့၌ပင် ထုတ်ပြန်ကြေညာလိုက်သည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က လေယာဉ် ၁၉ စင်း (Y-8 ASW၊ H-6*4, J-16*10 ၊ SU-30*4 အမျိုးအစားများ) ဟာ ထိုင်ဝမ်အနောက်တောင်ဘက်က လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၅ရက်မှာ ဝင်ရောက်ခဲ့ပါတယ်” ဟု ထိုင်ဝမ် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန၏ တွစ်တာတွင် ဖော်ပြခဲ့သည်။

တရုတ်ဂျက်လေယာဉ်များတွင် ရေငုပ်သင်္ဘောဖျက် Y-8 တစ်စင်း၊ H-6 ၄ စင်း၊ J-16 ၁၀ စင်းနှင့် Su Kai-30 ၄ စင်းတို့ ပါဝင်ခဲ့သည်။

တရုတ်လေယာဉ်များ ဝင်ရောက်လာသည်ကို တွေ့ရှိပြီးနောက် တုံ့ပြန်ဆောင်ရွက်ရန် လေကြောင်း ကင်းလှည့် တပ်ဖွဲ့ကို ထိုင်ဝမ်ကလည်း စေလွှတ်လိုက်သည်။ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်ဖြင့်လည်း အဆင်သင့် ခြေရာခံထားပြီး တရုတ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ် ဝန်ကြီးဌာနက ဖော်ပြထားသည်။

စက်တင်ဘာ ၄ ရက်ကလည်း တရုတ် ဂျက်လေယာဉ် ၄ စင်းသည် ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်း ဝင်ရောက်ခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်၏ နယ်မြေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်မှုများ သိသိသာသာ လုပ်ဆောင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly