NLDပါတီဝင် နေအိမ်သို့ ပေးပို့လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲ

NLDပါတီဝင် နေအိမ်သို့ ပေးပို့လာသည့် ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲ

စက်တင်ဘာ ၉

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်း၏ နေအိမ်သို့ ပေးပို့လာသည့်ပါဆယ်ထုပ်မှ ဗုံးပေါက်ကွဲရာ၎င်းကို ဆေးရုံတင်ကုသထားရသည်ဟု သိရသည်။

စက်တင်ဘာ ၈ရက် ညနေ ၃နာရီ မိနစ် ၃၀ ခန့်က ဦးမျိုးမင်းသိန်း နေအိမ်တွင်ရှိစဉ် အမည်မသိသူတစ်ဦးက မြို့မှ ပါဆယ်ပို့လိုက်သည်ဟုဆိုကာ အထုပ်တစ်ထုပ်လာပေးပြီး ဆိုင်ကယ်မောင်းထွက်သွားခဲ့သည်။ ထို့နောက် မကြာခင် ပါဆယ်ထုပ်မှတဆင့် ပေါက်ကွဲမှုဖြစ်ပွားကာ ဦးမျိုးမင်းသိန်း၏ ဝမ်းဗိုက်နှင့် ခြေလက်များတွင် ဒဏ်ရာရရှိခဲ့ပြီး အတူနေမိသားစုဝင်တချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ဦးမျိုးမင်းသိန်းသည် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်ပြီး NLD ပါတီဝင်တစ်ဦးလည်းဖြစ်သည်။

ဦးမျိုးမင်းသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်များက လာရောက်စစ်ဆေးပြီးနောက် မည်သည့်သက်သေမျှ မတွေ့ရှိရဘဲ လက်လုပ်ဗုံးစမ်းသပ်ခြင်းကြောင့် ပေါက်ကွဲခဲ့ခြင်းဟု စွပ်စွဲကာ ၎င်း ဆေးဝါးကုသနေစဉ် ဖမ်းဆီးထားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly