ဟားခါးမြို့တွင် ပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

ဟားခါးမြို့တွင် ပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

ဟားခါး ၊ စက်တင်ဘာ၉ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၁နာရီ ဝန်းကျင်က စစ်ကောင်စီတပ်နှင့် PDFများ ပစ်ခတ်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တစ်လုံးအပေါ် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျမှုကြောင့် ယင်းနေအိမ် ပျက်စီးခဲ့ရသည်။

ထို့အပြင် နေအိမ်တချို့ သေနတ်ကျည်ထိမှန်မှုကြောင့် ပျက်စီးမှု ဖြစ်ပွားခဲ့ ကြောင်းဒေသခံများထံက သိရသည်။

''ဒီတစ်ခါ ပစ်ခတ်မှုကတော့ အရင်နှစ်ညက ပစ်ခတ်မှုတွေထက်ပိုပြီး ပြင်းထန်တယ်လို့ထင်တယ်။ လူထိခိုက်မှုတော့ လောလောဆယ် မသိရသေးဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေက အဝေးကနေ လက်နက်ကြီး တွေနဲ့ အခုလိုမဲမဲမြင်ရာပစ်နေမယ်ဆိုရင် မြို့ပေါ်လူတွေဘယ်သူမှ နေရဲမှာ မဟုတ်ဘူး တစ်နေ့မဟုတ် တစ်နေ့တော့ ထိမိမှာပဲ'' ဟု ဒေသခံ တစ်ဦးကပြောသည်။

ဟားခါးမြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်များနှင့် CDFတို့ နှစ်ဘက် ပစ်ခတ်မှုများကြောင့် စက်တင်ဘာ ၄ရက်တွင် စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာ ၇ရက် ညပိုင်းပစ်ခတ်မှုတွင်လည်း ပြည်သူတစ်ဦး လက်မောင်းတွင် ဒဏ်ရာရရှိသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly