အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဂျုံရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဂျုံရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်

ပုဂ္ဂလိက လုပ်ငန်းရှင်များတွင် သိုလှောင်ထားသည့် ဂျုံပမာဏ လျော့နည်းလာခြင်းကြောင့် ပြည်နယ်အတွင်း ဂျုံရှားပါးမှု ပြဿနာ ကြုံတွေ့လာနိုင်ကြောင်း အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ် ဂျုံစက်လုပ်ငန်းရှင်များအသင်း ဥက္ကဌအာဆင်ရာဇာက စက်တင်ဘာ ၄ ရက်တွင် သတိပေးလိုက်ပြီး လိုအပ်သည့် ဂျုံများကို အစိုးရက အချိန်မီ ထုတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။

“ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီမှာ သိုလှောင်ထားတဲ့ ဂျုံက ရက်အနည်းငယ်စာပဲ ကျန်တော့တယ်။ ဂျုံတွေကို ချက်ခြင်း ထုတ်ပြီး အညီအမျှ ဖြန့်ဖြူးပေးဖို့ လိုအပ်ပါတယ်” ဟု လာဟိုးမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

ဂျုံဈေးသည် တစ်မူအန် (၃၇ ဒသမ ၃၂ ကီလိုဂရမ်) လျှင် ၂၁၅၅ ရူပီးကျော်လွန်သွားပြီး ၂၀ ကီလိုဂရမ်ဂျုံတစ်အိမ်လျှင် ရင်းဂစ် ၁၂၀၀ မှ ၁၂၅၀ အထိရှိကြောင်းလည်း ရာဇာက ပြောကြားသည်။

လာဟိုးတွင် ဂျုံ တစ်မူအန်ဈေးသည် ရင်းဂစ် ၂၂၁၀ ဖြစ်ပြီး ၂၀ ကီလိုဂရမ် တစ်အိပ်လျှင် ရင်းဂစ် ၁၁၈၀ ရှိကာ အစ္စလာမာဘတ်တွင် တစ်မူအန်လျှင် ရင်းဂစ် ၂၂၃၀ ရှိသည်။

ပန်ဂျပ်ပြည်နယ်တွင် ဂျုံစက်ရုံ ၁၀၀ ကျော်ရှိပြီး အများစုသည် လည်ပတ်ရန် အစိုးရက ထုတ်ပေးသည့် ဂျုံဝေစုအပေါ်တွင် မှီခိုနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly