ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများကြောင့် တရုတ်၏ CH-4 ဒရုန်းများ လူကြိုက်နည်းလာနေ

ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများကြောင့် တရုတ်၏ CH-4 ဒရုန်းများ လူကြိုက်နည်းလာနေ

အဓိက အစိတ်အပိုင်းများ ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများကြောင့် တရုတ်၏ CH-4 ဒရုန်းများ လူကြိုက်နည်းလာသည်။

CH-4 ဒရုန်း ၁၀ စင်းပိုင်ဆိုင်ခဲ့သော အီရတ်လေတပ်တွင် ယခုအခါ ၁ စင်းသာရှိတော့သည်ဟု The National Interest တွင် ဒေးဗစ်အဲလက်စ်က ရေးသားခဲ့သည်။

တရုတ်၏ CH-4 ဒရုန်းများသည် အမေရိကန်ထုတ် MQ-1 Predator နှင့် ယေဘုယျအားဖြင့် ဆင်တူပြီး အမေရိကန်မှ ဒရုန်းလက်နက်များဝယ်ယူခြင်းထက် ကုန်ကျစရိတ်၊ နိုင်ငံရေးနှင့် စာရွက်စာတမ်းများ အလုပ်မရှုပ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ စစ်တပ်များအကြားတွင် ရေပန်းစားခဲ့သည်။

ပြုပြင်ထိန်းသိမ်းရေးသည် အီရတ် CH-4s ဒရုန်းများ၏ အဓိက ပြဿနာများဖြစ်ကြောင်း အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ္မစ်စစ်သွေးကြွများကို ပစ်မှတ်ထားသည့် အမေရိကန်ဦးဆောင်သော ပူးပေါင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့က စစ်ဆေးရေးမှူးချုပ်အား ပြောကြားခဲ့သည်။

တရုတ်မောင်းသူမဲ့လေယာဉ်ကို အဝေးမှ ဂြိုလ်တုမှတဆင့် ထိန်းချုပ်နိုင်သည်။

သို့သော် တရုတ်ဒရုန်းများသည်ခေတ်မမီတော့ဘဲ ၂၀၁၉ ခုနှစ် ဇွန်လတွင် ဂျော်ဒန်လေတပ်က ကိုယ်ပိုင် CH-4 ဒရုန်း ၆ စင်းကို ရောင်းချခဲ့သည်ဟု အဲလက်စ်က ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံလေတပ်၏ အမှတ် ၉ တပ်ရင်းက တရုတ်ထုတ် ဒရုန်းများကို အသုံးပြုသည်။

Schiebel S-100 Camcoptersနှင့် Leonardo Falcosအပါအဝင် မောင်းသူမဲ့လေယာဉ်များကိုလည်း ယင်းတပ်ရင်း၏ တခြားတပ်စိတ်တစ်ခုက အသုံးပြုသည်။

လက်နက်များ ပိုမိုရောင်းချလာခြင်းဖြင့် ကာကွယ်ရေးဝန်ထမ်းများက ဘဏ္ဍာရေးကို ထိန်းချုပ်ထားလေ့ရှိသော ဒေသတွင် အမေရိကန်၏ မဟာမိတ်များနှင့် ဒေသတွင်း ဆက်ဆံရေးပိုမိုကောင်းမွန်လာပြီး တရုတ်က စီးပွားရေးနှင့် စစ်ရေးအရ ခြေကုပ်ရယူလာမည်ကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က စိုးရိမ်ပူပန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly