အရက်မူးသမားကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်

By Aung Myo Htut
07 September 2021
အရက်မူးသမားကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်
ဓာတ်ပုံ -ပုံဟောင်း

စက်တင်ဘာ ၇

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ် ၉ ရပ်ကွက် ပုသိမ်တဖက်ကမ်းက တံတားအသစ်အောက်တွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ည ၈နာရီ မိနစ် ၄၀ ခန့်က လုံခြုံရေးစောင့်နေသည့် ရဲများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက အရက်မူးနေသူတစ်ဦးက ဆဲဆိုပြီးပြေး၍ လိုက်လံပစ်ခတ်ခဲ့‌ ကြောင်းသိရသည်။

"တံတားအောက်ကလူတွေပြောတာ အရက်သမားကဆဲပြီးပြေးလို့လိုက်ပစ်တာလို့​ပြောတယ် ထိသွားလားတော့တိတိကျကျမသိရသေးဘူး"ဟုဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုတွေအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်ရဲများက အရက်မူးသမားကို လိုက်လံရှာဖွေဖမ်းဆီးသော်လည်း ဖမ်းမမိခဲ့ပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly