ပါကစ္စတန်နိုင်ငံ ဘာဟာဝဲလ် ဝိတိုရိယဆေးရုံတွင် အမျိုးသမီးများ အဝတ်အစားဆင်ယင်ပုံနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်

ပါကစ္စတန်နိုင်ငံ ဘာဟာဝဲလ် ဝိတိုရိယဆေးရုံတွင် အမျိုးသမီးများ အဝတ်အစားဆင်ယင်ပုံနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်

ပါကစ္စတန်နိုင်ငံ၊ ဘာဟာဝဲလ်မြို့ရှိ ဘာဟာဝဲလ် ဝိတိုရိယဆေးရုံ(BVH) တွင် အသစ်ခန့်အပ်လိုက်သော ဆေးရုံအုပ် ဒေါက်တာ ယူနွတ်ဝါရစ်ချ်က ဆေးရုံအတွင်း၌ ဂျင်းဘောင်းဘီဝတ်ခြင်းကို တားမြစ်လိုက်ပြီး အမျိုးသမီးဆေးဝန်ထမ်းများအနေဖြင့် ပဝါမဖြစ်မနေခြုံရမည်ဟု အမိန့်ထုတ်ခဲ့သည်။

အဝတ်အစားဆင်ယင်ပုံသတ်မှတ်ရခြင်းမှာ အစ္စလာမ်အကြောင်း ဟောပြောရန်နှင့် လူ့အဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲရန် ဟု ဆေးရုံအုပ် အသစ်က ပြောကြားခဲ့သည်။

ဒေါက်တာ ယူနွတ်ဝါရစ်ချ်က လက်မှတ်ထိုးထုတ်ပြန်လိုက်သည့် ဘာဟာဝဲလ် ဝိတိုရိယဆေးရုံ၏ ဝတ်စားဆင်ယင်ရမည့်စည်းမျဉ်းများ ကြေညာချက် ခေါင်းစဉ်အောက်တွင် “ ခွင့်ပြုသည်” နှင့်“ ခွင့်မပြု” ဟူ၍ ကဏ္ဍ ၂ မျိုးရှိသည်။

ခွင့်မပြုသည့် ကဏ္ဍတွင် ဆေးရုံတွင် ဝတ်စားဆင်ယင်ခွင့်မပြုသော စာရင်းကို ဖော်ပြထားသည်။ ယင်းတွင်“ ဂျင်းဘောင်းဘီ/အကျပ်(ဒူးခေါင်းထိရှည်သည့် ရှပ်အင်္ကျီဖြင့်သာ ဝတ်ဆင်ရမည်)၊ ခြေချင်းဝတ် အထက် ခါးမြင့် ဘောင်းဘီရှည်၊ ကျပ်သောအဝတ်အစားများ၊ ပါးလွှာသော အဝတ်များ၊ လက်ကောက် လက်စွပ်များ၊ လက်ပြတ်နှင့် လက်ဇကအင်္ကျီများ၊ မိတ်ကပ်ထူထူ လိမ်းခြင်း (အထူးသဖြင့်အနက်ရောင် နှုတ်ခမ်းနီ)၊ ဆံပင်ရှည်များကို မထုံးခြင်း၊ ဒေါက်မြင့်ဖိနပ်များ (အသံကျယ်ပြီး လူတိုင်းခေါင်းလှည့်ကြည့်ရခြင်း)၊ ခေတ်ဆန်လွန်းသော ဆံပင်ပုံစံများ (အထူးသဖြင့် ကုလားအုပ်ဘို့ထက်ပိုမြင့်သောဆံပင်များ)၊ လည်ဟိုက် အင်္ကျီများ၊ လက်သည်းရှည်တွင် လက်သည်းနီဆိုးခြင်း၊ ကွင်းထိုးဖိနပ်နှင့် ခြေကျင်းဝတ်ခြင်းများ”ပါဝင်သည်။

“ ခွင့်ပြုသည့်” ကဏ္ဍတွင်“ ခါးရှည်အင်္ကျီ(သို့မဟုတ်) ဘောင်းဘီနှင့် ရှပ်အင်္ကျီရှည်၊ ဘောင်းဘီရှည်၊ အနားသပ် တွင် ရတနာအသေးစားလေးများတပ်ထားသည့် ခြုံလွှာ/ပဝါ၊ ရိုးရိုးလက်စွပ်၊ လော့ကပ်သီးပါဆွဲကြိုး၊ လက်ဇက အင်္ကျီများ၊ ခွဲစိတ်ခန်းဝတ် ကုတ်အင်္ကျီ(ဆေးရုံတွင်မဖြစ်မနေလိုအပ်သည်)၊ သားဖွားဝတ်စုံများ/ သင့်လျော်သော အဝတ်အစားများ (မီးမဖွားမီ)၊ အမျိုးသမီးများအတွက် လက်ခေါက်နိုင်သည့် ဆေးရုံဝန်ထမ်းဝတ် လက်ရှည်အင်္ကျီများ ပါဝင်သည်။

ဝတ်စားဆင်ယင်ပုံအများစုသည် အမျိုးသမီးများကို ဗဟိုပြုထားသည်မှာ ထင်ရှားသည်။

ခွဲစိတ်ခန်းဝင်ရာတွင် အမျိုးသမီးဆေးဝန်ထမ်းများအနေဖြင့် ရတနာအသေးစားလေးများတပ်ထားသည့် ခြုံလွှာ/ပဝါတို့နှင့်အတူ ခွဲစိတ်ခန်းဝတ် ကုတ်အင်္ကျီများဝတ်ဆင်ရန်နှင့် သားဖွားဝတ်စုံများကို ဆေးရုံစည်းကမ်းတွင် မဖြစ်မနေဝတ်ဆင်ခိုင်းထားကြောင်း ဒေါက်တာ ယူနွတ်ဝါရစ်ချ်က Dawn သို့ အတည်ပြုပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှုအကြောင်းရှင်းပြရာတွင် အစ္စလာမ်အကြောင်း ဟောပြောရန်၊ ဘာသာရေးတန်ဖိုးများ မြှင့်တင် ရန်နှင့် လူ့အဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly