အာဖဂန်နစ္စတန်တွင် တာလီဘန်များက အစိုးရဖွဲ့ရန် နီးစပ်လာ

အာဖဂန်နစ္စတန်တွင် တာလီဘန်များက အစိုးရဖွဲ့ရန် နီးစပ်လာ

အာဖဂန်နစ္စတန်တွင် ကြီးမားသည့် စီးပွားရေးအခက်အခဲများနှင့် လူထုယုံကြည်မှုကင်းမဲ့နေသည့် အစိုးရသစ် အောက်တွင် အလုပ်လုပ်ခွင့်အတွက် ဒါဇင်နှင့်ချီသည့် အမျိုးသမီးများက ရှားရှားပါးပါးဆန္ဒပြနေချိန်တွင် တာလီဘန်များက အစိုးရသစ်ဖွဲ့ရန် နီးစပ်နေပြီဖြစ်ကြောင်း စက်တင်ဘာ ၂ရက်က ပြောကြားခဲ့သည်။

အနောက်ပိုင်း ဟီရတ်မြို့တွင် အမျိုးသမီး ၅၀ ခန့်သည် အစိုးရသစ်တွင် အမျိုးသမီးများပါဝင်မှုမရှိခြင်းနှင့် အလုပ်လုပ်ပိုင်ခွင့်အတွက် လမ်းများပေါ်ထွက်ကာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၉၉၆ ခုနှစ်မှ ၂၀ဝ၁ ခုနှစ်ထိ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့သည်ထက် ပိုမိုနူးညံ့သော အုပ်ချုပ်မှုကို ကတိပြုခဲ့သောစစ်သွေးကြွများသည် ယခုအခါ သောင်းကျန်းသူများအဖြစ်မှ အုပ်ချုပ်မှုအာဏာကို ရယူရတော့ မည်ဖြစ်သည်။

အစိုးရအဖွဲ့၏ ကြေညာချက်သည် စက်တင်ဘာ ၃ရက် မွန်းလွဲပိုင်းဆုတောင်းပွဲများအပြီးတွင် ဖြစ်နိုင်ကြောင်း တာလီဘန်သတင်းရင်းမြစ်နှစ်ခုကအေအက်ဖ်ပီကိုပြောကြားခဲ့သည်။ အမေရိကန်နှင့် ကာလကြာရှည်စွာ ဖြစ်ပွား သော စစ်ပွဲတွင် တာလီဘန်များက အောင်ပွဲနှင့် အဆုံးသတ်ပြီးနောက် အာဖဂန် နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာပြီးရက်အနည်းငယ်အကြာတွင် အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက်တွင် ကဘူးလ်၌ သိမ်းပိုက်ပြီးချိန်မှ စ၍ အောင်ပွဲရ အထိမ်း အမှတ်အဖြစ် စက်တင်ဘာ ၁ရက်တွင် စစ်သွေးကြွများသည် သူတို့၏ ထိုးစစ်အတွင်း သိမ်းဆည်းရမိသော စစ်လက်နက်ပစ္စည်းအချို့နှင့် ချီတက်ပွဲကျင်းပခဲ့ပြီး တာလီဘန်လှုပ်ရှားမှု၏ အောင်မြေဖြစ်သော ကန်ဒါဟာ မြို့တွင် Black Hawk ရဟတ်ယာဉ်တစ်စင်းပင် ပျံဝဲခဲ့သည်။

ကတိပြုထားသည့်အတိုင်း အားလုံးပါဝင်ပြီး စစ်ဒဏ်ခံနေရသည့် စီးပွားရေးကို စီမံခန့်ခွဲနိုင်သည့် အစိုးရအဖွဲ့ကို တာလီဘန်များက ခန့်အပ်နိုင်မည်လားဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။

အစိုးရသစ်တစ်ရပ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးခန့်မှန်းနေကြသော်လည်းထိပ်တန်းအရာရှိတစ်ဦးက အစိုးရအဖွဲ့အတွင်း အမျိုးသမီးများပါဝင်ခြင်းမရှိနိုင်ကြောင်း စက်တင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

တာလီဘန် ပထမအုပ်ချုပ်ရေးအဖွဲ့တွင် သဘောထားတင်းမာသော ထိပ်တန်းခေါင်းဆောင် မိုဟာမက် အဘားစ် စတန်နစ်ဇိုင်းက အမျိုးသမီးများဆက်လက် အလုပ်လုပ်နိုင်သော်လည်း အနာဂတ်အစိုးရ သို့မဟုတ် အခြား ထိပ်တန်းရာထူးများတွင် သူတို့အတွက်နေရာမရှိနိုင်ကြောင်း BBC Pashto နှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly