ရှင်ကျန်းတွင်ဖမ်းဆီးခံထားရသည့် အစ်မဖြစ်သူအတွက် အမေရိကန်အရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့သည့် ဝီဂါအမျိုးသမီး နှောက်ယှက်ခံနေရ

By RFA
04 September 2021
ရှင်ကျန်းတွင်ဖမ်းဆီးခံထားရသည့် အစ်မဖြစ်သူအတွက် အမေရိကန်အရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့သည့် ဝီဂါအမျိုးသမီး နှောက်ယှက်ခံနေရ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျန်းဒေသတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံထားရသည့် အစ်မဖြစ်သူ အကြောင်း ဆွေးနွေးရန်အတွက် အမေရိကန်အရာရှိတစ်ဦးနှင့် ဒီဇင်ဘာလတွင် တွေ့ဆုံခဲ့သည့် ဝီဂါ အမျိုးသမီးတစ်ဦးသည် မောင်နှမသားချင်းများအကြောင်း မပြောကြားရန် ဖိအားပေးခံနေရပြီး သူမ၏ ဆွေမျိုးများသည်လည်း ဇာတိမြို့များတွင် ရဲများ၏ မကြာခဏခေါ်ယူမေးမြန်းခံနေရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပယ်ရိုနှင့် ဒီဇင်ဘာ ၃ ရက် ၂၀၂၀ပြည့်နှစ်တွင် အစ်မဖြစ်သူ၏ ကံကြမ္မာကိုဆွေးနွေးရန်အတွက် ခယ်ဘီနာက တွေ့ဆုံခဲ့သည်။

ထိုအချိန်မှစ၍ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(XUAR) ၏ ဒုတိယအကြီးဆုံးမြို့ ခေါ်လာတွင် နေထိုင်သော ခယ်ဘီနာ၏ မိသားစုသည် တရုတ်အာဏာပိုင်များ၏ မကြာခဏစစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရကြောင်း ပြီးခဲ့သည့်သီတင်းပတ်က RFAနှင့် လူတွေ့မေးမြန်းခန်းတစ်ခုတွင် သူမက ပြောကြားခဲ့သည်။

အမေရိကန်တွင် ၂၀၁၉ ခှနှစ်ကတည်းကနေထိုင်ခဲ့သောအသက် ၃၅ နှစ်အရွယ် ခယ်ဘီနာဂယ်နီသည် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည်ဟု ယူဆရသော သူမ၏ အစ်မ ရီနာဂယ်ဂယ်နီကို ရှာဖွေရန် အတွက် လူမှုမီဒီယာနှင့် အစဉ်အလာမီဒီယာကို အသုံးပြုခဲ့သည်။

ရီနာဂယ်သည် ဖခင်သေဆုံးပြီးနောက် ဘာသာရေးထုံးတမ်းစဉ်လာများကိုစောင့်ကြည့်လေ့လာခြင်းနှင့် ဘာသာရေးစာအုပ်များကိုလက်ဝယ်ထားရှိခြင်းနှင့် အခြားသူများကို ငှားရမ်းခြင်းတို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့သည်ကို ခယ်ဘီနာတွေ့ရှိခဲ့သည်။

ဆရာမတစ်ဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ရီနာဂယ်သည် ကလေး ၂ယောက် မိခင်တစ်ဦးဖြစ်ပြီး ၎င်းကို ပညာရေး အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြန်လည်ပညာပေးစခန်း သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ညီမဖြစ်သူ ခယ်ဘီနာက ပြောကြားခဲ့သည်။

XUAR ရှိ အကျဉ်းစခန်း ကွန်ရက်များတွင် ဝီဂါများနှင့် အခြားမွတ်စလင် လူနည်းစု ၁ ဒသမ ၈ သန်းခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကာ ယင်းစခန်းများတွင် နိုင်ငံရေးအရပညာပေးခြင်း၊ အလွဲသုံးစားလုပ်မှုနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခံနေရသည်။

၂၀၁၇ ခုနှစ်ကလည်းက ခယ်ဘီနာသည် XUARရှိ သူမ၏ မိသားစုနှင့် အဆက်အသွယ်မရခဲ့ခြင်းကြောင့် အစ်မဖြစ်သူ ဖမ်းဆီးခံရခြင်းကို မသိခဲ့ဘဲ ၂၀၁၉ ခုနှစ်မေလတွင်မှ ပေကျင်းမြို့ရှိ သူငယ်ချင်းများမှ တဆင့် ကြားသိခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required