တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၁၉ ဦးကို ထိုင်းနိုင်ငံက တောအတွင်း ဖမ်းဆီးမိ

By Bangkok Post
04 September 2021
တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၁၉ ဦးကို ထိုင်းနိုင်ငံက တောအတွင်း ဖမ်းဆီးမိ

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မယ်ရမ်မတ်ခရိုင်က တောအတွင်းမှာ မြန်မာနိုင်ငံသား ၁၉ ဦးကို တရားမဝင် ဝင်ရောက်မှုအတွက် ဖမ်းဆီးထားပါတယ်။  

စနေနေ့ နံနက်ပိုင်းက ဆမ်မယ်ကျေးရွာနောက်က တောထဲ လမ်းလျှောက်သွားနေတဲ့ လူအုပ်စုကို စစ်သား၊ ရဲနဲ့ ဒေသတာဝန်ရှိသူတွေက သတိထားတွေ့ရှိခဲ့ကြတာပါ။  

တာဝန်ရှိသူတွေ တွေ့မြင်သွားတာကြောင့် သူတို့ဟာ ပစ္စည်းအထုတ်အပိုးတွေက ပစ်ချပြီး ထွက်ပြေးကြပါတယ်။ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါဝင်တဲ့ သူတို့အုပ်စုကို နောက်ပိုင်းမှာ ဖမ်းမိခဲ့တာပါ။  

သူတို့အားလုံးဟာ တရားမဝင် မြန်မာရွှေ့ပြောင်းဝင်ရောက်သူတွေပါလို့ ဖမ်းဆီတဲ့ အဖွဲ့က ပြောပါတယ်။  

သူတို့ကို COVID-19 အတွက် ကျန်းမာရေးစစ်ဆေးပြီးတဲ့အခါ နောက်ထပ် စစ်မေးရန်နဲ့ တရားဥပဒေအရ အရေးယူဖို့ မယ်ရမ်မတ်ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူတို့ကို နိုင်ငံထဲ သွင်းလာခဲ့သူတွေကိုပါ ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖမ်းဆီးရေးအဖွဲ့က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly