KNU ထိန်းချုပ်နယ်မြေတွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၂၁၇ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁၆၀ ကျော် သေဆုံး

KNU ထိန်းချုပ်နယ်မြေတွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၂၁၇ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁၆၀ ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတွင် ဩဂုတ်လ တစ်လအတွင်း စစ်ကောင်စီတပ်သား ၁၆၆ ဦး သေဆုံးကိုသတ်ဖြတ်နိုင်ခဲ့ပြီး ၁၀၁ ဥဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ကြောင်း လချုပ်တိုက်ပွဲစာရင်းကို KNU ဘက်က ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ် ၂၁၇ ကြိမ်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိတွေ့တိုက်ပွဲအများဆုံးဖြစ်ခဲ့သည့် နေရာမှာ မူတြော်ခရိုင် တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်ပြီး ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ကာ ဒုတိယအများဆုံးဖြစ်သည့် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ၂၄ ကြိမ် ဖြစ်ပွားခဲ့သည်။

တောင်ငူခရိုင် တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ခြောက်ကြိမ်နှင့် ညောင်လေးပင် ခရိုင်တပ်မဟာ (၃) ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး၏ လချုပ်တိုက်ပွဲစာရင်းတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် KNU နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနေပြီး အာဏာသိမ်း စစ်ကောင်စီ၏ ခြေကုပ်တပ်စခန်းတချို့ကိုလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်ခိုက်သိမ်းယူထားသည်။ 

KUN ဒူးပလာခရိုင်၊ နို့တကောမြို့နယ်၊ ခုတ်ခွားမှာကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ ခြေကုပ်ယူထားရာ ကာလိခီး တပ်စခန်းကို KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၇) တပ်ခွဲ (၁) တပ်ဖွဲ့ဝင်များက ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းယူခဲ့သည်။ 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကွင်းကလေးရွာအနီး၊ အာရှလမ်းမကြီးဘေးရှိ ကမိုင်ကုန်းကျေးရွာ၊ ကော်သနော့ ရွာအနီး၊ ရေတွင်ဖြူနှင့် အံဖလေးရွာကြားတို့တွင် ဩဂုတ်၂၃ ရက်မှ ဩဂုတ်၂၄ ရက်အထိ KNU နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required