ဂရစ်ဇ်မန်းကို အငှားနဲ့ ပြန်လည်ခေါ်ယူလိုက်တဲ့ အက်သလက်တီကို

ဂရစ်ဇ်မန်းကို အငှားနဲ့ ပြန်လည်ခေါ်ယူလိုက်တဲ့ အက်သလက်တီကို
Photo: EPA

လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာမှ အန်တိုနီ ဂရစ်ဇ်မန်းကို တစ်နှစ်အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ ကစားသမားရဲ့ လုပ်ခလစာကို ပေးချေမှာဖြစ်ပြီး အငှားသက်တမ်းကုန်ဆုံးတဲ့အခါ အပြီးသတ်ခေါ်ယူခွင်ပါထည့်သွင်းထားပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ အက်သလက်တီကိုအတွက် ၂၅၇ ပွဲမှာ ၁၃၃ ဂိုးသွင်းယူခဲ့ပြီး သူဟာ ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာကို ပေါင် ၁၀၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် အသက် ၃၀ ကစားသမားဟာ ၁၀၂ ပွဲမှာ ၃၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘာကာနဲ့အတူ စပိန်ဘုရင့်ဖလားတစ်လုံးသာ ဆွတ်ခူးရယူခဲ့ပါတယ်။

သူဟာ ယခုနွေရာသီမှာ ငွေကြေးဆိုင်ရာအရ ရုန်းကန်နေရတဲ့ ဘာစီလိုနာကနေ ထွက်ခွာခဲ့တဲ့ မက်ဆီအပါအဝင် ၁၁ ယောက်မြောက် ကစားသမားဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့ လုပ်ခလစာစည်မျဉ်းနဲ့ ကိုက်ညီဖို့ သူတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားကို ထွက်ခွာခွင့်ပြုခဲ့ရပြီး မက်ဆီဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘာစီလိုနာကနေ ထွက်ခွာသွားတဲ့ တတိယမြောက်ကစားသမားဖြစ်ပါတယ်။ ညာနောက်ခံလူ အီမာဆင်က တော့တင်ဟမ်ကို ပေါင် ၂၅.၈ သန်းနဲ့ ပူးပေါင်းခဲ့ပြီး ဆယ်ကျော်သက်ကွင်းလယ်လူ မိုရီဘာက လိုက်ပ်ဇစ်ကို ပေါင် ၁၃.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာမှ တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူခဲ့ပြီး သူဟာ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းကို လာလီဂါဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အက်သလက်တီကိုအသင်းမှ အသက် ၂၆ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမား ဆောနီဂွက်ဇ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly