တိဘက်ကျောင်းများတွင် တရုတ်ဘာသာဖြင့်သာ သင်ကြားမည့်အစီအစဉ်အပေါ် ကန့်ကွက်သည့် ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ

တိဘက်ကျောင်းများတွင် တရုတ်ဘာသာဖြင့်သာ သင်ကြားမည့်အစီအစဉ်အပေါ် ကန့်ကွက်သည့် ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ

တိဘက်ကျောင်းများတွင် ရှင်းလင်းသင်ကြားမှုများအား တရုတ်ဘာသာစကားဖြင့်သာ အသုံးပြု သင်ကြားမည့် အစီအစဉ်အပေါ် ကန့်ကွက်သည့် တိဘက်ကျောင်းသား ၂ ဦး တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျင်ဟေးခရိုင်တွင် ဖမ်းဆီးခံခဲ့ရသည်။

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကျင်ဟေးပြည်နယ်၏ ဂိုလော့မြို့ (တရုတ်ဘာသာဖြင့်ဂိုလောင်မြို့) ဒါလက်စီရင်စုရှီ အသက် ၁၉ နှစ်အရွယ် ဂျူလက်နှင့်ယန်ရစ်အမည်ရှိ တိဘက်အလယ်တန်းကျောင်းသား ၂ ဦးကို ဩဂုတ် ၂၅ ရက်တွင် တရုတ်ရဲများက ဖမ်းဆီးခဲ့ကြောင်း အဆိုပါဒေသမှ တိဘက်လူမျိုးတစ်ဦးက လွတ်လပ်သော အာရှရေဒီယို (RFA) သို့ ပြောကြားခဲ့သည်။

ဒေသတွင်းရှိ ကျောင်းများတွင် စက်တင်ဘာလမှစ၍ တရုတ်ဘာသာဖြင့် သင်ကြားရန် အစီအစဉ်အား WeChat လူမှုမီဒီယာတွင် ၎င်းတို့ ၂ ဦး၏ ပြောကြားချက်ကို ရဲများက သတိပြုမိခဲ့သည်။

ကိုဗစ်-၁၉ စစ်ဆေးမှုခံယူရန် သွားခဲ့သည့် မိဘများအား တိဘက်ဘာသာကျောင်းသုံးစာအုပ်ဟောင်းများ နေရာတွင် တရုတ်ဘာသာ စာအုပ်သစ်များဖြင့် လဲလှယ်ရန် ညွှန်ကြားကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက RFA သို့ ပြောကြားသည်။

တိဘက်ဘာသာစကားဖြင့် သင်ကြားမည့်အစီအစဉ်အပေါ် အနီးရှီ စီချွမ်မြို့တွင်လည်း ကန့်ကွက်မှုများ ရှိခဲ့သည်။ အဆိုပါမြို့ရှိ တိဘက်ပုဂ္ဂလိက စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ပြီး ကလေးကို အစိုးရကျောင်းများသို့ ပို့ခဲ့သော ကြောင့် မိဘများအနေဖြင့် ၎င်းတို့ကလေးများ တိဘက်ဘာသာ၊ ယဉ်ကျေးမှုတို့နှင့် အဆက်ပြတ်မည်ကို မိဘများက စိုးရိမ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly