ရှင်ကျန်းတွင် ထိန်းသိမ်းခံခဲ့ရကြောင်း ဝီဂါ လုပ်ငန်းရှင်တစ်ဦး ပြောကြား

ရှင်ကျန်းတွင် ထိန်းသိမ်းခံခဲ့ရကြောင်း ဝီဂါ လုပ်ငန်းရှင်တစ်ဦး ပြောကြား

၂၀၁၆ ခုနှစ်က အမေရိကန်သို့ အလည်အပတ်သွား ရောက်ခဲ့ပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံး သွားခဲ့သည့် ဝီဂါ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးသည် တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်း ဒေသရှိ အကျဉ်းစခန်းတစ်ခုတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ် မတ်ချ်မတ်ဂျန် မီမတ်ဂျန်ကို ၂၀၁၇ တွင် အာဏာပိုင်များက ဖမ်းဆီးခံခဲ့ရသည်။ ယင်းနှစ်တွင်ပင် ရှင်ကျန်းပြည်နယ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) တွင် တရုတ်အာဏာပိုင်များက ထိန်းသိမ်ရေး စခန်းများကို များစွာတည်ဆောက်ခဲ့သည်။

ယင်းစခန်းများတွင် ဝီဂါလူမျိုး ၁ ဒသမ ၈ သန်းနှင့် အခြားမွတ်စလင် လူနည်းစုများအား ပြင်းထန်သည့် ဘာသာရေးအမြင်များ နှင့် မမှန်ကန်သည့် နိုင်ငံရေးအရ အတွေးအမြင်များကြောင့်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ဒေသတွင်းရှိသတင်းအရင်းအမြစ်တစ်ခုက ပြောကြားသည်။

မတ်ချ်မတ်ဂျန် အယ်လ်ကွက်ဟုလည်းလူသိများသော အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူသည် ဆူလေ့ကောင်စီ၊ခရှစ် စီရင်စုတွင် နေထိုင်ပြီး KashgarAlqut Property Company ကို လုပ်ကိုင်နေသူဖြစ်သည်။

ဘာသာရေးအစွန်းရောက်မှုများနှင့် အကြမ်းဖက်လှုပ်ရှားမှုများကို ကာကွယ်ရန်ဟုဆိုကာ လူနည်းစု အုပ်စုများအား စောင့်ကြည့်၊ ထိန်းချုပ်၊ ဝါဒမှိုင်းတိုက်ရေး အစီအစဉ်တစ်ခုအဖြစ် တရုတ်အာဏာပိုင်များက ရှင်ကျန်းဒေသတွင် ဝီဂါစီးပွားရေးသမားများ၊ ပညာတတ်များ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ပေါင်းများစွာ ပစ်မှတ်ထားဖမ်းဆီးခဲ့သည်။

မတ်ချ်မတ်ဂျန်နှင့် အခြား လုပ်ငန်းရှင်များအဖွဲ့သည် ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်မှ ၂၂ ရက်အထိ အမေရိကန်သို့ ခရီးသွားခဲ့သည်ဟု XUAR သတင်းရင်းမြစ်အရ သိရသည်။

ယင်း ခရီးစဉ်အတွင်း ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ ပါရီဒါအီဒါသည် စတုတ္ထမြောက်သမီးကိုမွေးဖွားခဲ့သဖြင့် အမေရိကန်နိုင်ငံသားဖြစ်လာပြီး နိုင်ငံကူးလက်မှတ် ရရှိခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်ပြီး ၁ နှစ်မပြည့်ခင် ၂၀၁၇ ခုနှစ် မေလတွင် ဆူလေ့ကောင်စီ ရဲတပ်ဖွဲ့သည် မတ်ချ်မတ်ဂျန်အားဖမ်းဆီးခဲ့ပြီး အမေရိကန်ခရီးအကြောင်းမေးမြန်းခဲ့သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။

ယင်းစီးပွားရေးလုပ်ငန်းရှင်အား လွန်ခဲ့သော ၄ နှစ်က ဖမ်းဆီးထိန်းသိမ်းထားသည်ကို သိသော်လည်း အဖမ်းခံခဲ့ရသောအကြောင်းအရင်းကိုမသိဟု မတ်ချ်မတ်ဂျန်ပိုင်ဆိုင်သော Alkutဟုခေါ်သော ၁၆ ထပ်အဆောက်အဦနှင့် လက်လီအရောင်းဆိုင်အနီးရှိ ဘူတာရုံတစ်ခုမှ ရဲအရာရှိက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly